EPL News

၁ နှစ်နားမည့် ဟောင်းဝပ်

Aug 22 , 2014

အဲဗာတန်ဂိုးသမား တင်ဟောင်းဝပ်က သူသည် မိသားစုကို အချိန်ပိုပေးရန်အတွက် အမေရိကန်လက်ရွေးစင်အသင်းတွင် ပါဝင် ကစားခြင်းမှ ၁ နှစ် အနားယူမည်ဟု ပြောဆိုလိုက်သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော ဟောင်းဝပ်မှာ အမေရိကန်အတွက် ၁၀၄ ပွဲကစားပေးထားသူဖြစ်ပြီး သူသ ၂၀၁၅ စက်တင်ဘာလ ခန့်အထိ နားမည့် ယခုပြောဆိုချက်အရ လာမည့်နှစ် ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။

လက်ရွေးစင် အသင်းနည်းပြ ကလင်းစမန်းက " ကျနော်သူနဲ့ အများကြီး ဆွေးနွေးခဲ့ပါတယ်။ ပြောရရင် သူရဲ့ဆုံးဖြတ်ချက်ကို ကျနော် လေးစားပါတယ်။ သူ အဲဗာတန်မှာ ဘယ်လို ကစားနေမယ်ဆိုတာ စောင့်ကြည့်သွားမှာပါ" ဟု ဂျာမနီလက်ရွေးစင်အသင်း နည်းပြဟောင်းလည်းဖြစ်သူ ကလင်းစမန်းက ပြောဆိုခဲ့သည်။

ကလင်းစမန်းသည် အမေရိကန်အသင်းကို ကမ္ဘာ့ဖလား ဒုတိယ အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဟောင်းဝပ်၏နေရာအတွက် အက်စတန်ဗီလာမှ ဂူဇန်နှင့် ရီးရဲလ်ဆော့လိတ်မှ ရီမန်ဒိုတို့ကို အစားထိုးရန် စဉ်းစားလျှက် ရှိသည်။

U Myo Thant




<< Back EPL News


Advertisement
Here