Gossips

နည်းပြသစ်ခန့်သော အိုင်ဗရီကို့စ်

Mar 22 , 2017

အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်သည် ဘယ်လ်ဂျီယံနည်းပြဟောင်းဖြစ်သူ ၀ီလ်မော့စ်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ် လိုက်ပြီ ဖြစ်သည်။

ဝီလ်မော့စ်မှာ လွန်ခဲ့သော ဇူလိုင်လက ဘယ်လ်ဂျီယံအသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ဇန်န၀ါရီလတွင် အိုင်ဗရီ ကို့စ်နှင့် လမ်းခွဲခဲ့သူ ဒတ်ဆူရာ နေရာကို ဆက်ခံခြင်း ဖြစ်သည်။

အသက် ၄၈ နှစ်အရွယ် ၀ီလ်မော့စ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းကို နည်းပြအဖြစ် ၂၀၁၂မှ ၂၀၁၆ အထိ ကိုင်တွယ်ခဲ့သော ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရစေခဲ့သူ ဖြစ်သည်။

သို့သော် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်၌ ဝေလကို ၃-၁ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

ယခင်နည်းပြဟောင်း ဒတ်ဆူရာမှာ အိုင်ဗရီကို့စ်ကို ၂၀၁၇ အာဖရိကဖလားပွဲတွင် အုပ်စုအဆင့်နှင့်သာ ရပ်တည်စေနိုင်ခဲ့ ပြီးနောက် နှုတ်ထွက်သွားသူ ဖြစ်သည်။

ဝီလ်မော့စ်မှာ အိုင်ဗရီကို့စ်နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ခြေစမ်းပွဲ ၂ပွဲဖြစ်သည့် ရုရှ၊ ဆီနီဂေါတို့နှင့် ပွဲစဉ်များကို စတင်တာဝန် ယူမည် ဖြစ်သည်။

အိုင်ဗရီကို့စ်အနေနှင့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်တွင် ၂ပွဲကစား ၄ မှတ်ဖြင့် ဦးဆောင်နေသော အသင်းဖြစ်ပြီး လာမည့် ဇွန်လ အာဖရိကနိုင်ငံများဖလားပွဲတွင် ဂီနီ၊ ဗဟို အာဖရိက၊ ရ၀မ်ဒါအသင်းများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

 

U Myo Thant

<< Back Gossips


Advertisement
Here