EPL News

တစ်လနားမည့် ပီတာဆက်ခ်ျ

Mar 22 , 2017

အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျမှာ ၀က်ဘရွန်းကို ရှုံးခဲ့သည့်ပွဲတွင် ရခဲ့သောဒဏ်ရာကြောင့် တစ်လခန့် နားရမည် ဖြစ်သည်။

ဝက်ဘရွန်းက အိမ်ရှင်အဖြစ် ကစားရသော ပွဲတွင် အာဆင်နယ်မှာ ၃-၁ဖြင့် ရှုံးခဲ့ရပြီး ပီတာဆက်ခ်ျမှာ ဒဏ်ရာကြောင့် ၃၈ မိနစ် တွင် အော့စပီနာနှင့် လူစားလဲခဲ့ရသည်။

ပီတာဆက်ခ်ျအနေနှင့် ယမန်နေ့က ဆေးစစ်မှု ခံယူခဲ့ပြီး နားနေရသည့် ကာလအတွင်းတွင် ပင်တိုင်ဂိုးသမားအဖြစ် အော့စပီနာက တာဝန်ယူမည် ဖြစ်သည်။

လိဂ်ဖလားပွဲများတွင် အများဆုံးကစားခဲ့ရသော အော့စပီနာမှာ ကိုလံဘီယာလက်ရွေးစင်တစ်ဦးဖြစ်ပြီး ပွဲကစားခွင့် ပိုမိုရလိုသဖြင့် လာမည့်နွေတွင် အသင်းပြောင်းမည်ဟု နာမည်ထွက်နေသူ ဖြစ်သည်။

ယခုကဲ့သို့ တစ်လခန့်နားရမည်ဖြစ်သဖြင့် ပီတာဆက်ခ်ျမှာ လာမည့် ဧပြီ ၂ရက် မန်စီးတီးနှင့် ပွဲ၊ ၆ရက်နေ့ ၀က်စ်ဟမ်းနှင့် ပွဲ၊ ၁၁ ရက်နေ့ ပဲလေ့စ်နှင့်ပွဲ၊ ၁၈ ရက်နေ့ မစ်ဒယ်ဘရော့နှင့် ပွဲများကို လွဲချော်မည်ဖြစ်ပြီး FA ဖလား ဆီမီးဖိုင်နယ်အဖြစ် မန်စီးတီးနှင့် ကစားရသည့် ပွဲကိုလည်း လွဲချော်နိုင်သည့် အနေအထားတွင် ရှိနေသည်။

U Myo Thant

<< Back EPL News


Advertisement
Here