Serie-A News

မဆုံးဖြတ်သေးတဲ့ တော့တီ

Mar 22 , 2017

ရိုးမားဝါရင့် ကစားသမားကြီး တော့တီက သူ၏ ရှေ့ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောဆိုလိုက်သည်။

သူသည် ရိုးမားတွင် ကစားသမားဘ၀ စတင်ခဲ့သည့် ၁၉၉၂ မှ ယနေ့အထိ စီးရီးအေ ဒုတိယဂိုးသွင်းအများဆုံး တိုက်စစ်မှုးအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။

သို့သော် အသက် ၄၀ အရွယ် တော့တီ၏ ရိုးမားနှင့် စာချုပ်သက်တမ်းမှာ လာမည့်နွေတွင် ကုန်ဆုံးမည်ဖြစ်ပြီး ရိုးမားနှင့် အတူ စီးရီးအေ ချန်ပီယံ၁ကြိမ်၊ ကိုပါအီတာလျံဖလား ၂ကြိမ်ရထားသော တော့တီ က "ကျနော့်အနေနဲ့ ရိုးမားရဲ့ ဒါရိုက်တာ အဖွဲ့ ၀င်ဖြစ်လာမလား၊ ကစားသမားဘ၀အဆုံးသတ်မှာလား။ အေးဂျင့်တစ်ယောက်ဖြစ်လာမလား မသိသေးပါဘူး။ ကျနော့်အနေနဲ့ ဘောလုံးလောကမှာ အတွေ့အကြုံတော့ အတော်ရှိနေခဲ့ပါပြီ" ဟု ပြောဆိုသွားခဲ့သည်။

တော့တီမှာ ယခုရာသီတွင် ရိုးမားအတွက် စီးရီးအေပွဲ ၁၁ ပွဲ ကစားခွင့်ရခဲ့ပြီး ၂ဂိုး သွင်းယူထားနိုင်ခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here