Gossips

ကစားသမားတွေကို ကာကွယ်ခဲ့သူ

Mar 23 , 2017

 ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၁၇ တွင် သာရှိနေသော ကနေဒါကို ၁ဂိုးစီသရေသာ ကစားနိုင်ခဲ့သည့်အပေါ် ကစားသမားများ ဘက်မှ စကော့တလန် နည်းပြ စထရာချန်က ကာကွယ်ပြောဆိုလိုက်သည်။

အိမ်ရှင်အဖြစ် ကစားခဲ့ရသောပွဲတွင် စကော့တလန်မှာ ကနေဒါကို ဦးဆောင်ဂိုး အရင်ပေးခဲ့ရပြီးမှ အနောက်က လိုက်ကစားကာ သရေရလဒ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စထရာချန်က မိမိ ကစားသမားများအနေနှင့် အကောင်းဆုံးကြိုးစားကစားသွားနိုင်ကြောင်း၊ မထင်မှတ်ထားသော အနေအထား မျိုးထဲမှ ရုန်းထွက်လာနိုင်ခြင်းလည်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စထရာချန် ဦးဆောင်သော စကော့တလန်အသင်းမှာ ၂၀၁၆ မတ်လ ၃၀ ရက် ဒိန်းမတ်နှင့် ပွဲတွင် ၁-၀ဖြင့် အနိုင်ကစား သွားခဲ့သော်လည်း ယင်းနေ့ နောက်ပိုင်းမှစ၍ ယနေ့အထိ  ၁နှစ်နီးပါးကြာ ကာလအတွင်း ၇ပွဲကစား  ၁ပွဲသာ အနိုင်ရထားပြီ ဖြစ်သည်။

ယင်းအနိုင်ပွဲမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မော်လ်တာနှင့် ကစားရသောပွဲဖြစ်ကာ ကျန် ၆ပွဲတွင် အနိုင်ပွဲမရှိခဲ့ပေ။

၂၀၁၈  ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု Fတွင် စကော့စလန်မှာ ၄ပွဲကစား ၁ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံးဖြင့် ၆သင်းပါ အုပ်စုတွင် အဆင့် ၅၌သာ ရပ်တည်နေရသော အသင်းဖြစ်သည်။

ထိုအုပ်စုကို ဦးဆောင်နေသော အသင်းမှာ ၄ပွဲကစား  ၃ပွဲနိုင် ၁ပွဲသရေရထားသော အင်္ဂလန်အသင်းဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here