Europe News

အပြောင်းအလဲလုပ်လိုသော UEFA

Mar 23 , 2017

အပြောင်းအရွှေ့ကာလများတွင် ငွေကြေးချမ်းသာသောအသင်းကြီးများက ကစားသမားကောင်းများကို လက်ဝါးကြီးအုပ် ခေါ်ယူနေနိုင်မှုများအပေါ် ထိန်းချုပ်နိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း  UEFA ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆီဖီရင်က ပြောဆိုလိုက်သည်။

အပြောင်းအရွေ့ကာလများတွင် ချမ်းသာသော ထိပ်တန်းအသင်းကြီးများက ကစားသမားများကို သူ့ထက်ငါ ပြောင်းရွှေ့ကြေး ပိုပေးကာ ခေါ်ယူနေမှုများကြောင့် အခြားအသင်းများနှင့် ယှဉ်ပြိုင်ရာတွင် မမျှ တသော အနေအထားမျိုးကို ဖြစ်လာစေကြောင်း၊  ထို့ကြောင့် ငွေကြေးများစွာသုံး၍ ခေါ်ယူမည့် အသင်းများကို အထူးအခွန်ကောက်ခံသည့် စနစ်မျိုးဖြင့် ထိန်းချုပ်သွားနိုင်ရန် စဉ်းစားနေကြောင်း ဆီဖီရင်က ပြောဆိုခဲ့သည်။

ဆီဖီရင်မှာ ဆလိုဗေးနီးယားနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့သော စက်တင်ဘာလတွင် UEFA ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံ ခဲ့ရသူ ဖြစ်သည်။

ဆီဖီရင်က အချို့ကလပ်ကြီးများအနေနှင့် ကစားသမားများကို လိုအပ်သည်ထက် ပိုမိုခေါ်ယူထားကာ အငှားပြန်ချထားလေ့ ရှိကြောင်း၊ ဤအချက်မှာ အသင်းငယ်များကို ထိခိုက်နစ်နာစေကြောင်း ပြောဆိုခဲ့ သည်။

ပရီးမီးယားလိဂ်မှ ချဲလ်ဆီးအသင်းမှာ ယခုရာသီအစောပိုင်းတွင် ကစားသမား ၃၀ကျော်ကို အခြားကလပ်များသို့ အငှားချခဲ့ပြီး စီးရီးအေချန်ပီယံ ဂျူဗင်တပ်မှာလည်း ကစားသမား ၅၀ကျော်ကို အငှားချထား သော အသင်းဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here