Europe News

ဘရာဇီးကပ္ပတိန် မီရန်ဒါ

Mar 23 , 2017

ဘရာဇီးနည်းပြ တီတီက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယနေ့ည  ဥရုဂွေးနှင့် ကစားမည့်ပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် မီရန်ဒါကို တာဝန်ပေးအပ်ခဲ့သည်။

စီးရီးအေကလပ်အင်တာမှ နောက်ခံလူ မီရန်ဒါမှ နည်းပြ တီတီလက်ထက်တွင် အသင်းကပ္ပတိန်အဖြစ် ဒုတိယအကြိမ် တာဝန်ယူ ရသူဖြစ်ပြီး တီတီမှာ အသင်းကပ္ပတိန်နေရာအတွက် တစ်ဦးတည်းကို ပုံသေပေးအပ်ထားခြင်းမရှိပဲ အလှည့်ကျစနစ်ကို အသုံးပြု လျက်ရှိသည်။

တီတီမှာ  ၂၀၁၆ ဇွန်လတွင် နည်းပြအဖြစ် ခန့်အပ်ရပြီးနောက် ကပ္ပတိန်အမြဲတမ်းမလုပ်လိုပါဟု ဆိုလာသူ နေမာ၏ပြောစကား များနောက်တွင် အလှည့်ကျတာဝန်ပေးလာခြင်း ဖြစ်သည်။

နေမာမှာ အိုလံပစ်ပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ဘူးသူများမှာ မီရန်ဒါ(အီကွေဒေါ)၊ အဲဗက်စ်(ကိုလံဘီယာနှင့် အာဂျင်တီးနား)၊ ဖာနန်ဒင်ဟို(ပီရူး)၊ လူးဝစ်(ဗင်နီဇွဲလား) ဩဂတ်စတို(ဘိုလီးဗီးယား)တို့ ဖြစ်ကြသည်။

ဘရာဇီးအသင်းမှာ ၄သင်းတိုက်ရိုက်ခြေစစ်ပွဲအောင်မည့် ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်တွင် ၁၂ပွဲကစား ၂၇ မှတ်ဖြင့် ဇယားထိပ်မှ ဦးဆောင်နေသော အသင်းဖြစ်ပြီး အဆင့် ၄ ချီလီထက် ၇ မှတ် အသာစီးရထားပြီး ဖြစ်သည်။

 

U Myo Thant

<< Back Europe News


Advertisement
Here