Serie-A News

ပွဲတစ်ထောင်ပြည့် ဘူဖွန်

Mar 24 , 2017

ဂျူဗင်တပ်နှင့် အီတလီလက်ရွေးစင် ဂိုးသမားကြီး ဘူဖွန်မှာ ယနေ့ည အီတလီ-အယ်လ်ဘေးနီးယားပွဲစဉ်တွင် ပါဝင်ကစား မည်ဖြစ်ပြီး ထိုပွဲမှာ သူ့အတွက် ပရော်ဖက်ရှင်နယ်ပွဲ တစ်ထောင်ပြည့်သည့်ပွဲပင် ဖြစ်သည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော ဘူဖွန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ၁၉၉၅ တွင် ပါးမားအသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး နောက် ၂နှစ်အကြာတွင် လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့သည်။

 သူသည် ၂၀၀၁ တွင် ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားအဖြစ် ပါးမားမှ ဂျူဗင်တပ်သို့ ရောက်ရှိလာခဲ့ပြီး ဂျူဗင်တပ်အတွက် လက်ရှိ ၆၁၂ ပွဲ ကစားပေးခဲ့ပြီး ဖြစ်သည်။

အီတလီအသင်းအတွက် ၁၆၈ ပွဲမြောက်အဖြစ် ယနေ့ည ကစားမည့် ဘူဖွန်မှာ စပိန်မှ ကာဆီလက်စ်၊ လတ်ဗီးယားမှ အက်စတာဂျက်တို့ထက် လက်ရွေးစင်ပွဲ ပိုကစားထားရသူလည်း ဖြစ်သည်။

ဘူဖွန်အနေနှင့် လက်ရွေးစင်အဖြစ် နောက်ထပ် ၁၇ ပွဲကစားဖြစ်ခဲ့ပါက အီဂျစ်အတွက် ၁၈၄ ပွဲ ကစားပေးခဲ့သော ကွင်းလယ်ကစားသမား အာမက်ဟက်ဆန်၏ စံချိန်ကို ချိုးနိုင်မည် ဖြစ်သည်။

၂၀၀၆ တွင် အီတလီနှင့်အတူ ကမ္ဘာ့ဖလားရခဲ့သော ဘူဖွန်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲအပြီးတွင် အနားယူရန် စဉ်းစားထားပြီး လောလောဆယ် ကစားခဲ့ပြီးဖြစ်သည့် ၉၉၉ ပွဲတွင် ပေးဂိုး ၇၉၉ ဂိုး ရှိသူ ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here