Champions League

ဒဏ်ရိုက်ခံရသော ဘာစီလိုနာ

Mar 24 , 2017

အိမ်ကွင်းတွင် PSG ကို ၆-၁ဖြင့် နိုင်ခဲ့သော ပွဲတွင် အလွန်အကျွံအောင်ပွဲခံခဲ့သော ပုံစံကြောင့် UEFA က ဘာစီလိုနာအသင်းကို ဒဏ်ငွေ ယူရို ၁၉၀၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

ချန်ပီယံလိဂ် ရှုံး၊ ထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းတွင် PSG နှင့် ရင်ဆိုင်ရာ၌ အံ့ဩစရာ ၆-၁ရလဒ်ဖြင့် နိုင် ခဲ့သောကြောင့် ပထမအကျော့ ၀-၄ဖြင့် ရှုံးထားခဲ့ခြင်းကို ချေဖျက်ကာ နှစ်ကျော့ပေါင်း၆-၅ဖြင့် ဘာစီလိုနာအသင်း ကွာတားဖိုင်နယ် သို့ တက်နိုင်ခဲ့သည်။

နာကျင်အချိန်ပိုရောက်သည်အထိ PSG က အဝေးဂိုးအသာဖြင့် အထက်စီးသို့ ရောက်နေသော်လည်း နာကျင်အချိန်ပို ၁ မိနစ်နှင့် ၅ မိနစ်တို့တွင် ဘာစီလိုနာအသင်းဂိုးများ ထပ်ရကာ နောက်တစ်ဆင့်တက်သွားခြင်း ဖြစ်သည်။

ဘာစီလိုနာအနေနှင့် ယင်း ဒုတိယအကျော့ပွဲစဉ်တွင်  အ၀ါကတ် ၅ ကြိမ်အပြခံခဲ့ရသကဲ့သို့ PSG ကလည်း ၅ ကြိမ်အပြခံခဲ့ရသဖြင့် UEFA က ၂သင်းလုံးကို သတိပေးမှုပြုလုပ်ခဲ့သည်။

ဘာစီလိုနာအသင်းမှာ ကွာတားဖိုင်နယ်အဆင့်တွင် စီးရီးအေထပ်ဆင့် ချန်ပီယံ ဂျူဗင်တပ်နှင့် ဆုံတွေ့ရမည် ဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here