La-liga News

လူခေါ်ဦးမည့် ရီးရဲလ်

Mar 24 , 2017

ရီးရဲလ်အသင်းသည် လာမည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် လူသစ်များ ထပ်မံခေါ်ယူဦးမည်ဖြစ်ပြီး ချဲလ်ဆီးမှ ဟာဇတ်နှင့် ဂိုးသမားကောတွိုက်စ်တို့ကို ပြောင်းရွှေ့ကြေးအပြင် ရိုဒရီဂုဇ်နှင့် မိုရာတာတို့ကိုပါ အလိုက်ပေးကာ ခေါ်ယူနိုင်ရေး ကြိုးစားမည်ဟု သိရသည်။

ရီးရဲလ်အသင်းမှာ ပိတ်ပင်ခံရမှုနှင့် လွန်ခဲ့သော ၂နှစ်အတွင်း အဓိက ကစားသမားခေါ်ယူမှုမျိုး မရှိခဲ့ပဲ လာမည့် နွေမှသာ သင့်တော် မည့် သူများကို ခေါ်ယူမည် ဖြစ်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းမှာ ဟာဇတ်ကို ခေါ်ယူလိုနေချိန်တွင် အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကလည်း ကောတွိုက်စ်ကို ခေါ်ယူမည် ဖြစ်သည်။

ကောတွိုက်စ်မှာ ရီးရဲလ်၏ မြို့ခံပြိုင်ဘက် အက်သလက်တီကိုတွင် ၃ရာသီကြာ အငှားကစားသမားအဖြစ် သွားရောက် ကစားခဲ့ဘူးသူ ဖြစ်သည်။

ဘေးလ်မှာ စီရိုနယ်ဒို၊ ဘင်ဇီမာတို့နှင့် တွဲကာ ကွင်းလယ်တွင် ဟာဇတ်ကို ထားရှိမည် ဖြစ်သည်။

U Myo Thant

<< Back La-liga News


Advertisement
Here