Europe News

ပွဲပယ်ခံရမည့် ဘေးလ်

Mar 25 , 2017

အိုင်ယာလန်နှင့် ကစားခဲ့သော ပွဲစဉ်တွင် အ၀ါကတ်အပြခံခဲ့ရသဖြင့် လာမည့် ဆာဘီးယားနှင့် ပွဲတွင် ဝေလလက်ရွေး စင်ဘေးလ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ခွင့်ရတော့မဘ် မဟုတ်ပေ။

ဘေးလ်မှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၂၀၁၆ နိုဝင်ဘာ  ၁၃ ရက်နေ့က ဆာဘီးယားနှင့် ကစားရသည့် အိမ်ကွင်းပွဲစဉ် တွင် အ၀ါကတ်ရခဲ့ပြီး ယခု အိုင်ယာလန်နှင့်ပွဲတွင် အ၀ါကတ်အပြခံရခြင်းကြောင့် ၂ပွဲဆက်အ၀ါပြစ်ဒဏ်ကြောင့် လာမည့်ပွဲကို ပွဲပယ်ခံရခြင်းဖြစ်သည်။

ဘေးလ်မှာ ၆၈ မိနစ်တွင် အ၀ါကတ်အပြခံခဲ့ရပြီး ၆၉ မိနစ်တွင် တေလာမှာ တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံခဲ့ရခြင်းကြောင့် ၎င်းတို့ ၂ဦးမှာ လာမည့် ဆာဘီးယားနှင့် အဝေးကွင်းပွဲစဉ်ကို လွဲချော်ကြတော့မည် ဖြစ်သည်။

ဝေလအသင်းမှာ ၄ပွဲဆက်တိုက် သရေပွဲများသာ ကြုံခဲ့ရသဖြင့် ခြေစစ်ပွဲအုပ်စု Dတွင် ၅ပွဲကစား ၇မှတ်ရကာ တတိယနေရာ တွင်သာရှိနေပြီး ဆာဘီးယားနှင့် အိုင်ယာလန်တို့က ၁၁ မှတ်စီဖြင့် ဦးဆောင်လျက်ရှိနေသည်။

ဝေလနှင့် ဆာဘီးယားတို့မှာ လာမည့် ဇွန်လတွင်မှ ကစားကြရမည် ဖြစ်သည်။

 

U Myo Thant

<< Back Europe News


Advertisement
Here