Europa League

၃ပွဲအပယ်ခံရသော အယ်လီ

Mar 25 , 2017

စပါးကွင်းလယ်ကစားသမား အယ်လီမှာ ဂန့်နှင့် ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင်  အထုတ်ခံရမှုအတွက် ဥရောပပွဲ ၃ပွဲပယ် ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

စပါးအသင်းမှာ လွန်ခဲ့သော ဖေဖော်ဝါရီ ၂၄ ရက်နေ့က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဂန့်အသင်းကို လက်ခံကစားရစဉ်က အယ်လီမှာ ပွဲချိန် ၃၉ မိနစ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

စပါးအသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သဖြင့် လာမည့်ရာသီတွင် အယ်လီမှာ ပရီးမီးယားအဆင့် ၃တွင် ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက အုပ်စုပွဲ ၃ပွဲကို လွဲချော်မည် ဖြစ်သည်။

အလားတူ UEFA သည် ဘိုင်ယန်ကို ၅-၁ဖြင့် ရှုံးခဲ့စဉ်က သောင်းကျန်းခဲ့သော အာဆင်နယ်  ပရိသတ်များကြောင့် အသင်းကို ဒဏ်ငွေ ပေါင် ၄၃၀၀ ချမှတ်ခဲ့ကာ အာဆင်နယ် အိမ်ကွင်းတွင် ပွဲစဉ်နှောင့်နှေးအောင် ကွင်းအတွင်း စက္ကူလိပ်များ အရာဝတ္ထု များ ပစ်ပေါက်ခဲ့သည့် ဘိုင်ယန်ပရိသတ်များအတွက် ဘိုင်ယန်ကို ဒဏ်ငွေ ပေါင် ၂၆၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

မန်ယူနှင့် ပွဲတွင် မီးရှုးမီးပန်းများ  ပစ်လွှတ်ခဲ့သော စိန့်အက်တိုင်းနီးပရိသတ်များအတွက်လည်း အသင်းကို ဒဏ်ငွေ ပေါင် ၄၃၀၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here