Gossips

အနားယူသွားသော ကူရာညီ

Mar 25 , 2017

ဂျာမနီလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ကူရာညီမှာ ကစားသမားဘ၀မှ အနားယူပြီဖြစ်ကြောင်း သိရသည်။

ဘရာဇီးတွင် မွေးဖွားခဲ့သော ကူရာညီမှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး စပိန်ကို ၁-၀ဖြင့် ရှုံးခဲ့ ရသော ယူရို ၂၀၀၈ ဖိုင်နယ်တွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့သေးသူ ဖြစ်သည်။

သူသည် လူငယ်ဘ၀တွင် ဂျာမနီကလပ် စတုဂတ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး ၂၀၀၁တွင် အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သည်။

၂၀၀၅တွင် ရှော့ကေးသို့ မပြောင်းရွှေ့မီအထိ စတုဂတ်အတွက် ၁၃၁ ပွဲကစား ၅၆ ဂိုး သွင်းယူပေးခဲ့သည်။

ရှော့ကေးအသင်းတွင် ၂၁၇ ပွဲ ကစား ဂိုး၉၀ သွင်းယူပေးခဲ့ကာ ရှော့ကေးအသင်းသမိုင်းတွင် စတုတ္ထမြောက်  ဂိုးအများဆုံး သွင်းယူပေးနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းနောက်တွင် ရုရှကလပ်ဒိုင်နမိုမော်စကိုသို့ ရောက်ရှိခဲ့ပြီး ၁၅၁ ပွဲတွင် ၅၆ ဂိုး သွင်းခဲ့ကာ ဂျာမနီမြေသို့ ပြန်ရောက် လာပြီးနောက် ဟော့ဖန်ဟိန်းနှင့် ၁နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။

အသက် ၃၅ နှစ်အရွယ် ကူရာညီက ရုရှ၊ ဘရာဇီး၊ ကာတာနှင့် တရုတ်ကလပ်များထံမှ ကမ်းလှမ်းမှုများရှိခဲ့သော်လည်း မိမိ ဇာတိမြေတွင် မိသားစုနှင့် နေထိုင်လိုပြီဖြစ်၍ ကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောဆိုသွား ခဲ့သည်။

U Myo Thant




<< Back Gossips


Advertisement
Here