Gossips

ဖျက်သိမ်းရသော ပွဲစဉ်

Mar 28 , 2017

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကစားခဲ့သော အိုင်ဗရီကို့စ်နှင့် ဆီနီဂေါတို့၏ ခြေစမ်းပွဲ ပွဲစဉ်ကို ပရိသတ်များကြောင့် ဖျက်သိမ်းလိုက် ရကြောင်း သိရသည်။

၁ဂိုးစီသရေကျနေသော အချိန်တွင် ဒါဇင်နှင့် ချီသော ပရိသတ်များမှာ ကွင်းအတွင်း ၀င်ရောက်လာကြပြီး ပရိသတ်တစ်ဦးက ဆီနီဂေါမှ ကစားသမား ဂက်ဆာမာကို လှမ်းကန်ခဲ့သဖြင့် ဂက်ဆာမိုမှာ  ဟန်ချက်ပျက်လဲကျသွားခဲ့ရကာ ပရိသတ်များကို ထိန်း မနိုင်တော့သဖြင့် ကွင်းလယ်ဒိုင် ချာပရွှန်က ပွဲစဉ်ကို ရပ်နားဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲတွင် ဆီနီဂေါမှ လီဗာပူးအသင်းသား မာနီက ၆၇ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ဦးဆောင်ဂိုး သွင်းခဲ့ကာ နောက် ၃ မိနစ်အကြာတွင် အိုင်ဗရီကို့စ်မှ ဆိုင်ရီဒက်က ချေပဂိုး သွင်းခဲ့ခြင်း ဖြစ်သည်။

ယခုပွဲစဉ်မှာ ဟော်လန်နည်းပြဟောင်း ၀ီလ်မော့စ်အတွက် အိုင်ဗရီကို့စ် နည်းပြအဖြစ် ပထမဆုံးတာဝန်ယူရသော ပွဲစဉ်ဖြစ်သည်။

U Myo Thant

<< Back Gossips


Advertisement
Here