EPL News

ဒဏ်ရိုက်ခံရသော မန်စီးတီး

Mar 28 , 2017

လီဗာပူးနှင့် သရေကျခဲ့သောပွဲမှ ကစားသမားများ၏ ပြုမူနေပုံများအတွက် FA က မန်စီးတီးကို ဒဏ်ငွေပေါင် ၃၅၀၀၀ ပေးဆောင် ရန်  အမိန့်ချခဲ့သည်။

မတ်လ ၁၉ ရက်နေ့က လီဗာပူးနှင့် ကစားခဲ့သော ပွဲတွင် ပရိသတ် ၅သောင်းကျော် လာရောက်ကြည့်ရှုခဲ့ကြပြီး လီဗာပူးအတွက် မီလ်နာ၏ ဦးဆောင်ဂိုးကို အဂူရိုက ပြန်လည်ချေပနိုင်ခဲ့သဖြင့် ၁ဂိုးစီသရေကျခဲ့သည်။

ကွင်းလယ်ဒိုင် အိုလီဗာက ပွဲချိန် ၅၁ မိနစ်တွင် လီဗာပူးအတွက် ပယ်နယ်တီ ကန်ခွင့်ပေးခဲ့ရာ၌ မန်စီးတီးကစားသမားများက ၀ိုင်း ၀န်း ကန့်ကွက်ခဲ့ရာတွင် ဖြစ်သင့်သည်ထက်ပိုသော အမူအရာများကြောင့် ဒဏ်ငွေ ပေးဆောင်ရခြင်းဖြစ်ကြောင်း FA က အကြောင်းပြခဲ့သည်။

ထိုပွဲတွင် ၂သင်းလုံးမှ ကစားသမား ၃ဦးစီ အ၀ါကတ်အပြခံခဲ့ရပြီး သရေရလဒ်ကြောင့် မန်စီးတီးက ၂၈ ပွဲကစား ၅၇ မှတ်ဖြင့် အဆင့် ၃၊ လီဗာပူးက ၂၉ ပွဲကစား ၅၆ မှတ်ဖြင့် အဆင့်၎တို့တွင် ရပ်တည်လျက်ရှိနေကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here