Asian Cup News

အာရှဖလားခြေစစ်ပွဲစဉ်များ

Mar 29 , 2017

UAE တွင် ၂၀၁၉ ၌ ကျင်းပမည့် အာရှဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့် ခြေစစ်ပွဲများကို စတင်ကျင်းပနေပြီဖြစ်သည်။

၂၆ ရက်နေ့က ကစားခဲ့သော တရုတ်တိုင်ပေနှင့် တာ့ခ်မင့်နစ္စတန်တို့၏ အုပ်စု E ပွဲစဉ်တွင် တာခ့်မင့်နစ္စတန်က ၃-၁ဖြင့် စတင် အနိုင်ရခဲ့သည်။ ထိုအုပ်စုမှ အခြား ၂သင်းဖြစ်သည့် ဘာရိန်းနှင့် စင်ကာပူပွဲတွင် ဂိုးမရှိသရေကျခဲ့ကြသည်။

အခြားအုပ်စုမှ ပွဲစဉ်များကို ယမန်နေ့က စတင်ကျင်းပခဲ့ရာ အုပ်စု A မှ မြန်မာမှာ အိမ်ကွင်းတွင် အိန္ဒိယကို ၀-၁ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ကာဇက်စတန်က မကာအိုကို ၁-၀ဖြင့်ပင် အနိုင်ရခဲ့သည်။

အုပ်စု B မှ လက်ဘနွန်မှာ အိမ်ကွင်းတွင် ဟောင်ကောင်ကို ၂-၀ဖြင့် နိုင်ခဲ့ပြီး အုပ်စု C မှ ဂျော်ဒန်က ကမ္ဘောဒီးယားကို ၇-၀ဖြင့် ဂိုးပြတ်နိုင်ခဲ့ကာ အာဖဂန်နစ္စတန်က အိမ်ကွင်းတွင် ဗီယက်နမ်ကို ၁ဂိုးစီ သရေကျအောင် ခံကစားနိုင်ခဲ့သည်။

အုပ်စု D မှ အိုမန်မှာ ဘူတန်ကို ၁၄-၀ဖြင့် အနိုင်ရခဲ့ကာ ပါလက်စတိုင်းက မော်လ်ဒိုက်ကို ၃-၀ဖြင့် အနိုင်ရခဲ့သည်။

အုပ်စု F တွင် ဖိလစ်ပိုင်က နီပေါကို ၄-၁ဖြင့် နိုင်ခဲ့ပြီး ယီမင်က တာဂျစ်ကစ္စတန်ကို ၂-၁ဖြင့် အနိုင်ရခဲ့သည်။

လာမည့် ပွဲစဉ် ၂ကို ဇွန်လတွင်မှ ပြန်လည်ကစားကြမည် ဖြစ်သည်။

 

U Myo Thant

<< Back Asian Cup News


Advertisement
Here