Europe News

ရှုံးပွဲတွေ့သော အာဂျင်တီးနား

Mar 29 , 2017

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲများတွင် မက်ဆီမပါဝင်သော အာဂျင်တီးနားမှာ ဘိုလီးဗီးယား ကို ၂-၀ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

မက်ဆီမှာ ၂၄ ရက်နေ့က ချီလီကို ၁-၀ဖြင့် နိုင်ခဲ့သောပွဲတွင် လက်ထောက်ဒိုင်ကို ရိုင်းစိုင်းသော စကားလုံးများပြောဆိုမိ ခဲ့ခြင်းကြောင့် အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး ဘိုလီဗီးယားနှင့် မကန်မီ ၅နာရီခွဲတွင် ၄ပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်း အမိန့်ချခဲ့သည်။

ထို့ကြောင့် မက်ဆီမှာ ဘိုလီးဗီးယားနှင့် ပွဲပြီးနောက် ဘရာဇီးနှင့် ခြေစမ်းပွဲ၊ ဥရုဂွေး၊ ဗင်နီဇွဲလားတို့နှင့် ခြေစစ်ပွဲများကို လွဲချော် မည် ဖြစ်သည်။

ယခုကဲ့သို့ ဘိုလီးဗီးယားကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် အာဂျင်တီးနားမှာ တိုက်ရိုက်ဝင်ခွင့်မဟုတ်သော Play-Off ကစားခွင့်ရ အဆင့်၅ သို့ ရောက်ရှိသွားပြီး ဥရုဂွေး၊ ဗင်နီဇွဲလားတို့နှင့် ပွဲများတွင် အခြေအနေကောင်းရန် အထူးကြိုးစားရတော့မည် ဖြစ်သည်။

အသင်း ၁၀သင်းပါ တောင်အမေရိကဇုန်တွင် အသင်းတိုင်း ၁၄ ပွဲစီကစားပြီးသွားပြီဖြစ်ပြီး နောက်ထပ် ၄ပွဲစီသာ ကစားရတော့ မည် ဖြစ်သည်။

 

 

U Myo Thant




<< Back Europe News


Advertisement
Here