EPL News

အိမ်ကွင်းပြန်ကစားမယ့် စပါး

Mar 30 , 2017

စပါးအသင်းအနေနှင့် ကွင်းသစ်တည်ဆောက်နေချိန်တွင် ၀င်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခွင့်ရခဲ့သော်လည်း လာမည့် ရာသီတွင် မူလအိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ပြန်ကစားမည်ဟု အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောဆိုလိုက်သည်။

စပါးအသင်းမှာ ယခုရာသီတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများကို ၀င်ဘလေတွင် အိမ်ကွင်းအဖြစ် ကစားခဲ့ရာ၌ နိုင်ပွဲ ၁ပွဲသာရှိခဲ့ ပြီး ပြိုင်ပွဲ ၂ခုလုံးမှလည်း ထွက်ခဲ့ရသည်။

ပရိသတ် ၆၁၀၀၀ ၀င်ဆံ့မည့် ကွင်းသစ်ကြီးမှာ ၂၀၁၉-၂၀ ရာသီတွင်မှ အဆင်သင့်ဖြစ်လာမည်ဖြစ်သောကြောင့် ထိုမတိုင်မီတွင် ၀ှိုက်ဟတ်လိန်းကွင်းကို အိမ်ကွင်းအဖြစ် ပြန်လည်အသုံးပြုလိုခြင်း ဖြစ် သည်။

စပါးအသင်းမှာ ၂၀၁၆ ဇွန်လ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့သော ဘဏ္ဍရေးနှစ်အတွက် ၀င်ငွေပေါင်း ၂၀၉.၈သန်းရှိခဲ့ပြီး အခွန်အခ များပေးဆောင်အပြီး အသားတင်အမြတ် ပေါင် ၃၃ သန်း ရှိခဲ့ကာ ထိုနှစ် မတိုင်မီကထက် ပေါင် ၉.၄သန်း ပိုမိုရရှိခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here