Europe News

ခြေစမ်းပွဲနှင့် မော်ရင်ဟို

Mar 30 , 2017

မန်ယူနည်းပြ မော်ရင်ဟိုက ဘောလုံးရာသီအလယ်ခန့်တွင် ယှဉ်ပြိုင်လေ့ရှိကြသော နိုင်ငံတကာခြေစမ်းပွဲများအပေါ် ဝေဖန်ပြစ်တင်လိုက်သည်။

မန်ယူအသင်းမှ အင်္ဂလန် နောက်ခံလူ စမောလင်းမှာ ဂျာမနီနှင့် ခြေစမ်းပွဲတွင် ဒဏ်ရာရခဲ့သကဲ့သို့ ဖီးလ်ဂျုန်းစ်မှာလည်း ခြေ စမ်းပွဲအတွက် လေ့ကျင့်ရေးဆင်းနေစဉ် ဒဏ်ရာရခဲ့ခြင်းကြောင့် မန်ယူ၏ ပွဲစဉ်များတွင် ပုံမှန်ပါဝင်နိုင်ရေးအတွက် အခက်တွေ့စေခဲ့သည်။

မန်ယူအသင်းမှာ ယခု စနေနေ့ ၀က်စ်ဘရွန်းနှင့် ပွဲတွင် ဒဏ်ရာရှိသူ ပိုဂဘာမပါနိုင်သကဲ့သို့ ဟာရားရားနှင့် အီဘရာဟင်မိုဗစ် တို့မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သဖြင့် လူမစုံသော ဒဏ်ကို ခံရဦးမည် ဖြစ်သည်။

မော်ရင်ဟိုက "ကျနော့်အနေနဲ့ အခုလို အချိန်မျိုးမှာ ခြေစမ်းပွဲတွေ ကစားတာကို သဘောမကျပါဘူး။ ခြေစစ်ပွဲတွေနဲ့ ရောပြီလုပ်တာလည်း မကောင်းပါဘူး။ တကယ်တမ်း ခြေစမ်းပွဲဆိုတာ ယူရိုပြိုင်ပွဲ ဒါမှမဟုတ် ကမ္ဘာ့ဖလားပွဲလုပ်ဖို့ ၂ ပတ်လောက်အလိုမှာမှ ကစားကြရင် အကောင်းဆုံးပါပဲ" ဟု ပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ နိုင်ငံတကာပွဲများအတွက် ကစားသမား ၁၃ ဦးကို စေလွှတ်ပေးခဲ့ရပြီး ဗလင်စီယာနှင့် ရိုဂျိုတို့မှာ ကြာသပတေးနေ့ နေ့လည်ပိုင်းအထိ အသင်းသို့ ရောက်ရှိလာခြင်း မရှိသေးပေ။

U Myo Thant




<< Back Europe News


Advertisement
Here