EPL News

နှုတ်ဆက်ချိန်မရတဲ့ စတိုင်ဂါ

Mar 31 , 2017

အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရန်ဆုံးဖြတ်ပြီး နောက်ပိုင်းတွင် မိမိအနေနှင့် အသင်းဖော်များကို နှုတ်ဆက်ခွင့်ပင်မရတော့ပဲ မန်ယူကို စွန့်ခွာခဲ့ရကြောင်း ဂျာမနီသား ရှဝိန်းစတိုင်ဂါက ပြောဆိုလိုက်သည်။

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းသား စတိုင်ဂါမှာ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် မော်ရင်ဟိုရောက်လာချိန်တွင် ချောင်ထိုးခံထားရသူဖြစ်ကာ ယူ-၂၁ အသင်းနှင့် လေ့ကျင့်ရန် စေလွှတ်ခံခဲ့ရသူ  ဖြစ်သည်။

ဥရောပပြိုင်ပွဲဝင် မန်ယူလူစာရင်းတွင် မပါဝင်ခဲ့သည့်အတွက် များစွာစိတ်ဓာတ်ကျစရာ ဖြစ်ခဲ့ရသော်လည်း ဒဏ်ရာရ ကစားသမား များလာသည့်နောက်ပိုင်းတွင် လူစာရင်းပြင်ဆင်ခွင့်ရချိန်၌ ပြန်လည်ပါဝင်လာရသူ ဖြစ်သည်။

ကမ္ဘာ့ဖလားရကစားသမားတစ်ဦးကို လုပ်ပိုင်ခွင့်သုံး၍ ချောင်ထိုးထားသော မော်ရင်ဟိုနှင့် ဆက်လက်မျက်နှာချင်းဆိုင်နေရန် ဆန္ဒမ ရှိတော့သောကြောင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

"ကျနော် မန်ယူမှာ တကယ်ပျော်ခဲ့တာပါ။ ဒါပေမဲ့ မော်ရင်ဟိုမျက်နှာကိုတော့ ဆက်မကြည့်ချင်တော့လို့ အင်မတန် ချစ်ခင်စရာ အသင်းဖော်တွေနဲ့ လမ်းခွဲခဲ့ရတာပါ" ဟု စတိုင်ဂါက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here