EPL News

ဒဏ်ရာများနှင့် မန်ယူ

Apr 01 , 2017

ဝက်ဘရွန်းအသင်းနှင့် ယနေ့ကစားရမည့် မန်ယူအသင်းတွင် နောက်ခံလူ စမောလင်းနှင့် ဖီးလ်ဂျူန်းစ်တို့ ဒဏ်ရာရရှိနေချိန်၌ ကွင်းလယ်ကစားသမား မာတာမှာလည်း ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသခံရမည်ဖြစ်သဖြင့် လူမစုံသော ဒဏ်ကိုခံရမည် ဖြစ်သည်။

၂၅ နှစ်သား ဂျူန်းစ်၊ ၂၇ နှစ်သား စမောလင်းနှင့် ၂၈ နှစ်သား မာတာတို့ ယခုပွဲကို မပါနိုင်သကဲ့သို့ ကွင်းလယ်မှ ဟာရားရားနှင့် တိုက်စစ်မှုး အီဘရာဟင်မိုဗစ်တို့က ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သဖြင့် နည်းပြ မော်ရင်ဟိုအတွက် ခေါင်းခဲစရာဖြစ်ခဲ့ရသည်။

အသင်းခေါင်းဆောင် ရွန်းနီမှာ ဒူးဒဏ်ရာသက်သာလာပြီးဖြစ်သောကြောင့် ပါဝင်ကစားမည်ဖြစ်ပြီး ကွင်းလယ်မှ ပိုဂဘာမှာမူ ဒကောက်ကြောဒဏ်ရာရှိနေ၍ ရာခိုင်နှုန်းပြည့် မသေချာဟု ဆိုသည်။

နည်းပြ မော်ရင်ဟိုက မိမိတို့အနေနှင့် ကစားရမည့် ပွဲတိုင်းသည် အရေးကြီးပွဲများသာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မေဂျာလိဂ်သို့ ပြောင်းသွားသော ရှဝိန်းစတိုင်ဂါနှင့်ပတ်သက်၍လည်း စိတ် မကောင်းဖြစ်မိကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back EPL News


Advertisement
Here