La-liga News

ချန်ပီယံဖြစ်သွားသော ဆဲလ်တစ်

Apr 03 , 2017

ရာသီကုန်ရန် ၈ပွဲအလိုတွင် စကော့တလန်လိဂ်မှ ဆဲလ်တစ်အသင်းမှာ ကြိုတင်ဗိုလ်စွဲသွားခဲ့ပြီ ဖြစ်သည်။

ဟတ်စ်အသင်းကို ၅-၀ဖြင့် နိုင်ခဲ့ပြီးနောက် ဆဲလ်တစ်မှာ ၆ရာသီဆက်တိုက် ဗိုလ်စွဲရန်အတွက် သေချာသွားခဲ့ခြင်းဖြစ်ပြီး လီဗာပူး နည်းပြဟောင်း ရော်ဂျာစ်အတွက် ဆဲလ်တစ်နှင့် အတူ ဗိုလ်စွဲနိုင်ခဲ့၍ ကျေနပ်စရာ ဖြစ်ခဲ့ရသည်။

ဆဲလ်တစ်အတွက် အမ်းစထရောင်းနှင့် ရောဘတ်တို့က ၁ဂိုးစီ၊ ဆင်ကလဲယားက ၃ဂိုးသွင်းယူပေးခဲ့ပြီး၊ ဆဲလ်တာမှာ တစ်ရာသီလုံး ရှုံးပွဲမရှိပဲ ရရှိနိုင်အောင် အမှတ်များထဲမှ ၄ မှတ်သာ လျော့နည်းရရှိခဲ့သည်။

ဆဲလ်တစ်အနေနှင့် လိဂ်ဖလားကို ရရှိခဲ့ပြီးဖြစ်၍ ယခုအမှတ်ပေးချန်ပီယံဖလားနှင့် ဆိုလျှင် ဖလား ၂လုံးရရှိထားပြီဖြစ်ကာ စကော့ ဖလားပွဲတွင်လည်း ဆီမီးအထိ ရိန်းဂျားစ်နှင့် ဆုံတွေ့ရမည် ဖြစ်သည်။

ဆဲလ်တစ်အနေနှင့် တစ်ရာသီအတွင်း ဖလား ၃လုံးရခဲ့သည့် နောက်ဆုံးရာသီမှာ ၂၀၀၀-၀၁ ရာသီက ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here