La-liga News

ရာပြည့်ဂိုးနှင့် နေမာ

Apr 03 , 2017

ဘာစီလိုနာအသင်းမှ ဘရာဇီးသားနေမာမှာ ဘာစီလိုနာအသင်းသားဘ၀အဖြစ်နှင့် ဂိုးပေါင်း ၁၀၀ သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဂရာနာဒါနှင့် ကစားရသောပွဲတွင် ရာပြည့်ဂိုးကို သွင်းယူနိုင်ခဲ့သော နေမာမှာ မက်ဆီ၊ ဆွာရက်ဇ်၊ အီတူး၊  ရီဗယ်ဒိုတို့ကဲ့သို့ ဘာစီလိုနာအတွက် ဂိုးရာပြည့်သွင်းပေးခဲ့ကြသည့်စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 ယခုပွဲမှာ နေမာ၏ ဘရာဇီးအတွက် ၁၇၇ ပွဲမြောက်အဖြစ် ကစားရသောပွဲဖြစ်ပြီး နာမည်ကြီး မက်ဆီမှာ ၁၈၈ ပွဲကစားပြီးမှသာ ဘာစီလိုနာအတွက် ဂိုး ၁၀၀ ပြည့်ခဲ့သူ ဖြစ်သည်။

ဘာစီလိုနာအတွက် ဂိုးရာပြည့်  သွင်းပေးနိုင်ခဲ့သော ဘရာဇီးသား ၃ဦးရှိခဲ့ပြီဖြစ်ပြီး အခြား ၂ဦးမှာ ရီဗယ်ဒိုနှင့် အီဗာရစ္စတိုတို့ ဖြစ်ကြသည်။

နေမာမှာ ၂၀၁၃တွင် ဆန်းတို့စ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပထမဆုံးဂိုးကို အက်သလက်တီကိုနှင့် ကစားရသည့် ၂၀၁၃ စူပါကိုပါပွဲတွင် သွင်းယူနိုင်ခဲ့သည်။

နေမာသွင်းယူခဲ့သောပြိုင်ပွဲအလိုက် ဂိုးများမှာ စူပါကိုပါပွဲတွင် ၁ဂိုး၊ စပိန်ဘုရင့်ဖလားပွဲတွင် ၁၄ ဂိုး၊ ချန်ပီယံလိဂ်တွင် ၂၁ ဂိုးနှင့် လာလီဂါတွင် ၆၄ ဂိုးတို့ ဖြစ်ကြသည်။

U Myo Thant

<< Back La-liga News


Advertisement
Here