EPL News

ဒိုင်ချီပြောသော အာဆင်နယ်

Apr 04 , 2017

ဘန်လေနည်းပြ ရှောင်ဒိုင်ချီက ဗြိတိသျှလူမျိုးနည်းပြများအနေနှင့် အာဆင်နယ်နည်းပြနေရာကို ရရှိကြလိမ့်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်နှင့် ကာလကြာရှည် လက်တွဲခဲ့သော နည်းပြ၀င်းဂါးမှာ ဖိအားများအောက်သို့ ရောက်ရှိနေပြီး လက်ရှိစာချုပ် သက်တမ်း မှာလည်း လာမည့်ရာသီကုန်တွင် ပြီးဆုံးမည် ဖြစ်သည်။

ဝင်းဂါးသာမရှိတော့ပါက အာဆင်နယ်သို့ ရောက်လာနိုင်သူများစာရင်းတွင် ဒိုင်ချီမှာ ထိပ်ပိုင်းမှ ပါဝင်နေသူ ဖြစ်သည်။

ဒိုင်ချီက "အင်္ဂလိပ်လူမျိုး နည်းပြတစ်ယောက်အနေနဲ့ အာဆင်နယ် နည်းပြဖြစ်လာဖို့ မလွယ်ပါဘူး။ လောလောဆယ်အချိန်မှာ မဖြစ်နိုင်သေးဘူးလို့ပဲ ထင်ပါတယ်။ ကျနော်အနေနဲ့လည်း အဲဒီရာထူးမျိုးအတွက် အဆင်သင့်မဖြစ်နိုင်သေးပါဘူး။ အတွေ့အကြုံ အများကြီး လိုပါသေးတယ်" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here