AFC Cup News

မကွေးနှင့် အန်ကော ယနေ့ကစားမည်

Apr 05 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု(F) ပွဲစဉ်(၄)အဖြစ် မြန်မာကလပ် မကွေးအသင်းနှင့် ကမ္ဘောဒီးယားကလပ် အန်ကောအသင်း တို့သည် ဧပြီ ၅ရက်(ယနေ့) ညနေ ၃နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ယင်းပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့  မွန်းလွဲ ၂နာရီက MFF ရုံး၌ ကျင်းပသည်။ မကွေးအသင်းနည်းပြချုပ် ဦးဇော်ဝင်းထွန်းက " ကျွန်တော်တို့ အသင်းဟာ နိုင်ငံတကာပြိုင်ပွဲကို အခုမှ စပြိုင်တာဖြစ်တာကြောင့် အတွေ့အကြုံပိုင်းအားနည်းပြီး နိုင်သင့်တဲ့ပွဲတွေ မနိုင်ခဲ့ ပါဘူး။ ပြီးတော့ တိုက်စစ်ပိုင်း အခက်အခဲရှိတာကြောင့် ရသင့်တဲ့ဂိုးတွေမရခဲ့ပါဘူး။ာ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ပေမယ့် ဂိုးတွေမရခဲ့လို့ ပထမအကျော့မှာ နိုင်ပွဲမရခဲ့တာပါ။ အခုပွဲကတော့ အသင်းရဲ့ ဂုဏ်သိက္ခာအတွက်ရော နောက် တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်အတွက်ပါ အနိုင်ကစားသွားမှာပါ။ ကျွန်တော်တို့က တစ်ဦးချင်းထက် အသင်းလိုက်ပုံစံနဲ့ပဲ ကစား သွားတာပါ" ဟု ပြောကြားခဲ့သည်။

အန်ကောအသင်းနည်းပြချုပ် မက်ဂျီလန်က"မကွေးအသင်းကို ပထမအကျော့မှာ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ဆက်ရှိခဲ့တာပါ။ ဒါကြောင့် အခုပွဲမှာလည်း အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ မကွေးအသင်းဟာ အသင်းကောင်းဖြစ်ပြီး နိုင်ငံခြားသားကစားသမားတွေက သူတို့ရဲ့ အဓိက ကစားသမားတွေပါ။ အဝေးကွင်းဖြစ်ပေမယ့် အမှတ်ရအောင် ကစားသွား မှာပါ။ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိသလောက် ကြိုးစားသွားမှာပါ" ဟု ပြောကြားသည်။

ယခုပွဲသည် မကွေးအသင်းအတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲလည်း ဖြစ်သည်။ ယင်း အုပ်စုတွင် ပထမအကျော့အပြီး၌ ဂျိုဟိုးဒါရူးလ်(မလေးရှား)က ခုနစ်မှတ်၊ ဂလိုဘယ်(ဖိလစ်ပိုင်)က ခြောက်မှတ်၊ အန်ကော (ကမ္ဘောဒီးယား)က သုံးမှတ်၊ မကွေး(မြန်မာ)က တစ်မှတ်ရရှိထားသည်။ ပထမအကျော့တွေ့ဆုံစဉ်က မကွေးအသင်း သည် အဝေးကွင်း၌ အန်ကောအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here