EPL News

မနိုင်ပြန်သော မန်ယူ

Apr 05 , 2017

အဲဗာတန်ကို အိမ်ကွင်းတွင် ဧည့်ခံရသော မန်ယူမှာ အနောက်မှ လိုက်ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွင်ရသော ပယ်နယ်တီကြောင့်သာ သရေတစ်မှတ်ရရှိနိုင်ခဲ့သည်။

မန်ယူအသင်းမှာ လွန်ခဲ့သော ၀က်ဘရွန်းနှင့် အိမ်ကွင်း ပွဲစဉ်တွင်လည်း ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သောကြောင့် ရသင့်သော အမှတ်များဆုံးရှုံးခဲ့ရကာ ၂၉ ပွဲကစား ၅၄ မှတ်ဖြင့် အဆင့် ၅တွင်သာ ရှိနေဆဲ ဖြစ်သည်။

ယခုပွဲတွင် မိုဗစ်နှင့် ဟာရားရားတို့ ပွဲပယ်မှ ပြန်လည်ပါဝင်လာကြပြီး အဲဗာတန်အတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ဂျာဂီကာက ရိုဂျိုဖျက်ထုတ်နေသည့်ကြားမှ သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

မန်ယူအနေနှင့် ကြိုးစား ကစားခဲ့သော်လည်း ဂိုးဘားတန်းထိထွက်ခြင်း၊ ဂိုးဝင်သော်လည်း လူကျွံဘော သတ်မှတ်ခံရခြင်း တို့ကြောင့် မိနစ် ၉၀ ကျော်သည်အထိ ချေပဂိုး မရနိုင်ခဲ့ပေ။

နာကျင်အချိန်ပို ၃မိနစ်တွင်  လုခ်ရှော၏ ကန်ချက်ကို အဲဗာတန် နောက်ခံလူဝီလျံစ်က ဂိုးတိုင်ရှေ့တွင် လက်နှင့် ပုတ်ထုတ် ကာကွယ်မိခဲ့သဖြင့် အနီကတ်အပြခံခဲ့ရပြီး ပယ်နယ်တီပါ ပေးခဲ့ရသည်။

ယင်းပယ်နယ်တီကို မိုဗစ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့၍ သရေတစ်မှတ်ရခဲ့ခြင်းဖြစ်ကာ ယင်းဂိုးမှာ မိုဗစ်၏ ပြိုင်ပွဲပေါင်း စုံအတွက် ယခုရာသီ ၂၇ ဂိုးမြောက်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မန်ယူအသင်းမှာ လာမည့် အဝေးကွင်း  ၂ပွဲတွင် ဆန်းဒါးလန်း၊ အန်းဒါးလက်ခ်ျ(ယူရိုပါလိဂ်)တို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here