Coppa Italia Cup News

ဖိုင်နယ်ရောက်သော လာဇီယို

Apr 05 , 2017

ကိုပါအီတာလျံဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် လာဇီယိုမှာ အိမ်ရှင် ရိုးမားကို ၃-၂ဖြင့် ရှုံးခဲ့သော်လည်း နှစ်ကျော့ပေါင်း ၄-၃ဖြင့်  နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်သည်။

မတ်လ ၂ရက်နေ့က ကစားခဲ့သော ပထမအကျော့ပွဲစဉ်တွင် အိမ်ရှင် လာဇီယိုက ၂-၀ဖြင့် နိုင်ထားခဲ့ပြီး၊ ယမန်နေ့က ပွဲတွင် ရိုးမားက ၃-၂ဖြင့်သာ အနိုင်ရခဲ့သည်။

ယခုပွဲတွင် လာဇီယိုမှာ ဆာဗစ်က ၃၇ မိနစ်တွင် ဦးဆောင်ဂိုး စသွင်းခဲ့ပြီး ၄၃ မိနစ်တွင် ရှာရာဝေးက ချေပဂိုး သွင်းပေးနိုင်ခဲ့ သည်။

၅၆ မိနစ်တွင် အမ်မိုဘီလ်က လာဇီယိုအတွက် နောက်ထပ်ဦးဆောင်ဂိုး သွင်းခဲ့သဖြင့် ရိုးမားမှာ အနောက်မှအသည်းအသန် လိုက်ကစားခဲ့ရကာ ဆာလာက ၆၆ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ၂ဂိုး သွင်းနိုင်ခဲ့သော်လည်း နှစ်ကျော့ပေါင်းတွင် လာဇီယိုက အသာရကာ ၄-၃ရလဒ်ဖြင့် ဗိုလ်လုပွဲတက်သွားခြင်း ဖြစ်သည်။

အခြား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ယနေ့ နာပိုလီနှင့် ဂျူဗင်တပ်တို့ ကစားရမည်ဖြစ်ပြီး ဂျူဗင်တပ်က ပထမအကျော့ တွင် ၃-၁ဖြင့် နိုင်ထားကာ ယနေ့ည အခြေအနေကောင်းပါက ဗိုလ်လုပွဲကို ရောက်ရှိလာနိုင်မည် ဖြစ်သည်။

 

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here