AFC Cup News

မကွေးနှင့် အန်ကောသရေကျ

Apr 06 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာကလပ် မကွေးအသင်းနှင့် ကမ္ဘောဒီးယားကလပ် အန်ကောအသင်းတို့ ယမန်နေ့ ညနေ၃နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။

မကွေးအသင်းသည် အိမ်ကွင်းတွင် ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်အားနည်းခြင်း၊ ဒုတိယပိုင်းတွင် တစ်ယောက်အထုတ်ခံရခြင်းတို့ကြောင့် သရေရလဒ်သာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မကွေးအသင်းသည် လက်ကျန်နှစ်ပွဲတွင် အနိုင်ရသည့်တိုင် နောက်တစ်ဆင့်တက်နိုင်မည်မဟုတ်ဘဲ အခြားအသင်းများ၏ ရလဒ် ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

ခြေစွမ်းပိုင်းအရ မကွေးအသင်းပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့သည်။ တိုက်စစ်မှုးဆယ်လာမှာ ဂိုးသွင်းခွင့်များစွာရခဲ့သော်လည်း အသုံးချနိုင်ခြင်း အသုံးချနိုင်ခြင်းမရှိသလို ထူးထူးအောင်၊ နိုင်နိုင်ကျော်တို့မှာလည်း လွဲချော်ခဲ့၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ အန်ကောအသင်းသည် ပထမပိုင်းတွင် တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သည်။

ဒုတိယပိုင်းအစတွင် မကွေးအသင်းကစားကွက်တည်မရဖြစ်နေသောကြောင့် အန်ကောအသင်း ပြန်လည်ဖိကစားနိုင်ခဲ့ပြီး ဘိုရာမီက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ချက်ချင်းဆိုသလို မကွေးအသင်းက ချေပ ဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှုး ဆယ်လာက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ချေပဂိုးရပြီးနောက်ပိုင်းတွင် မကွေးအသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း  နောက်ခံလူမိုက်ကယ် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရ၍ တစ်ယောက်လျော့သွားပြီး ရုန်းကန်ခဲ့ရသည်။ တစ်ယောက် အသာရထားသည့် အန်ကောအသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

မကွေးအသင်းသည် အုပ်စုလေးပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ နှစ်မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအလွန်နည်းပါးသွားပြီ ဖြစ်သည်။ အန်ကောအသင်းသည် လေးပွဲ ကစား လေးမှတ်ရရှိထားသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here