EPL News

ကြိုးစားသွားမယ့် ၀က်စ်ဟမ်း

Apr 06 , 2017

အမ်းမရိတ်စ်ကွင်းတွင် အာဆင်နယ်ကို ၃ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အနေနှင့် ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင် သန်နိုင်ရေးအတွက် ကြိုးစား၍ တိုက်ပွဲဝင်သွားမည်ဟု ၀က်စ်ဟမ်းနည်းပြ ဘီလစ်က ပြောဆိုလိုက်သည်။

ယခုရှုံးပွဲမှာ ၀က်စ်ဟမ်းအတွက် ၅ပွဲဆက်တိုက် ရှုံးပွဲတစ်ပွဲဖြစ်ခဲ့ရပြီး အသင်းမှာလည်း အဆင့် ၁၅ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လွန်ခဲ့သော ၂လက ဆောက်သင်တန်ကို ၃-၁ဖြင့် နိုင်ခဲ့ပြီးနောက် ၀က်စ်ဟမ်းနိုင်ပွဲပျောက်နေခဲ့သည်မှာ ၇ပွဲဆက်တိုက်ရှိခဲ့ပြီ ဖြစ်သည်။

ဆိုးရွားသော ရလဒ်များရှိနေသော်လည်း အသင်းဘုတ်အဖွဲ့က နည်းပြ ဘီလစ်အပေါ် ယုံကြည်မှုရှိနေဆဲဟု ယခုရက်ပိုင်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး တန်းဆင်းဇုန်နှင့် ၅မှတ်သာ ကွာဟနေရာမှ အခြေအနေပြန်ကောင်းလာမည်ဟုလည်း မျှော်လင့်ကြ လျက် ရှိနေသည်။

ဝက်စ်ဟမ်းအတွက် လာမည့် ၅ပွဲတွင် တွေ့ဆုံရမည့်အသင်းများမှာ ဆွမ်ဆီး(အဆင့် ၁၈)၊ ဆန်းဒါးလန်း (အဆင့် ၂၀)၊ အဲဗာတန်(အဆင့် ၇)၊ စတုတ် (အဆင့် ၁၂)နှင့် စပါး (အဆင့် ၂)တို့ ဖြစ်ကြသည်။

 

U Myo Thant




<< Back EPL News


Advertisement
Here