EPL News

၁၈မှတ်လိုတဲ့ ချဲလ်ဆီး

Apr 06 , 2017

လက်ကျန် ၈ပွဲတွင်  ၆ပွဲနိုင်(သို့မဟုတ်) ၁၈ မှတ်သာရပါက မိမိတို့ ချန်ပီယံဖြစ်ပြီဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

လက်ရှိ ပွဲ ၃၀ စီ ကစားထားသော အဆင့် ၁မှ ချဲလ်ဆီးနှင့် အဆင့် ၂မှ စပါးတို့မှာ ၇မှတ် ကွာဟနေဆဲဖြစ်ပြီး အကယ်၍ စပါးက လက်ကျန် ၈ပွဲလုံးနိုင်လျှင်သော်မှ ချဲလ်ဆီးက ၆ပွဲနိုင်ရုံဖြင့် ဗိုလ်စွဲမည် ဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနိုက ၎င်းတို့အနေနှင့် ကစားရမည့်ပွဲတိုင်းအပေါ်တွင် အာရုံစိုက်ကစားသွားမည်ဟု ပြောဆိုခဲ့ပြီး၊ ဆွမ်ဆီးနှင့် ကစားရသည့် ယမန်နေ့ပွဲစဉ်တွင် ၈၇ မိနစ်အထိ ၁-၀ဖြင့် ရှုံးနေသော် လည်း ၈၈ မိနစ်၊ နာကျင်အချိန်ပို ၁မိနစ်နှင့် ၄ မိနစ်တို့တွင် ဂိုးများသွင်းကာ ၁-၃ဖြင့် အနိုင်ရခဲ့သည်။

ချဲလ်ဆီးအသင်း၏ လက်ကျန် ၈ပွဲမှာ ဘုန်းမောက်(အဆင့် ၁၃ အဝေးကွင်း)၊ မန်ယူ(အဆင့် ၆ အဝေးကွင်း)၊ ဆောက်သင် တန်(အဆင့် ၉ အိမ်ကွင်း)၊ အဲဗာတန်(အဆင့် ၇ အဝေးကွင်း)၊ မစ်ဒယ်ဘရော့(အဆင့် ၁၉ အိမ်ကွင်း)၊ ၀က်ဘရွန်း(အဆင့် ၈ အဝေးကွင်း)၊ ဆန်းဒါးလန်း(အဆင့် ၂၀ အိမ်ကွင်း)၊ ၀တ်ဖို့ဒ်(အဆင့် ၁၀ အိမ်ကွင်း)တို့ ဖြစ်ကြသည်။

 

U Myo Thant




<< Back EPL News


Advertisement
Here