Asian Cup News

မြန်မာနှင့် ဆီးရီးယား ယနေ့ကစားမည်

Apr 07 , 2017

၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအုပ်စု(ဃ)တတိယနေ့ ပွဲစဉ်များကို ဧပြီ ၇ရက်(ယနေ့)ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းသည် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယင်းအုပ်စုကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိပြီး တတိယနေ့အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် မြန်မာနှင့် ဆီးရီးယား၊ မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် အိမ်ရှင် ဗီယက်နမ်နှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ဧပြီ ၃ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲတွင် ဂျူလိုင်ကျော်၊ ၀င်းသိဂီင်္ထွန်းတို့၏ ဂိုးများဖြင့် အီရန် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရ ထားသည်။ မြန်မာအသင်းနှင့် ကစားမည့် ဆီးရီးယားအသင်းသည် နှစ်ပွဲစလုံး ရှုံးထားပြီး မြန်မာ အသင်းအနေဖြင့် ဗီယက်နမ်အသင်း သွင်းယူခဲ့သည့် ၁၁ဂိုးအား အမီလိုက်ရန် ဂိုးသွင်းရသလောက် သွင်းရန် လိုအပ်နေသည်။ ဧပြီ ၅ရက်တွင်  ပွဲစဉ်များအပြီး ဗီယက်နမ်နှင့် မြန်မာအသင်းတို့က တစ်ပွဲကစား သုံးမှတ်စီ၊ အီရန်နှင့် စင်ကာပူအသင်းတို့က နှစ်ပွဲကစား သုံးမှတ်စီ၊ ဆီးရီးယားအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ထိပ်တိုက်မတွေ့ဆုံမီ အမှတ်ပြည့်နှင့် ဂိုးများများသွင်းယူထားနိုင်ရန် လိုအပ် နေသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here