Europe News

ပူးတွဲအိမ်ရှင်လျှောက်မည့် အမေရိကန်

Apr 07 , 2017

၂၀၁၆ ကမ္ဘာ့ဖလားပွဲအတွက် အမေရိကန်သည် ကနေဒါ၊ မက္ကဆီကိုတို့နှင့် ပူးပေါင်း၍ ၃နိုင်ငံပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် လျှောက်ထားမည်ဟု သိရသည်။

ကွန်ကာကက်ပ်ဇုန် ဥက္ကဋ္ဌ မွန်တာလီနီက ယင်းအစီအစဉ်ကို ယခုနှစ်အတွင်း ဖီဖာသို့ တင်ပြမည်ဖြစ်ပြီး ဖီဖာကလည်း လာမည့် အနာဂတ်တွင် ကမ္ဘာ့ဖလားပွဲများကို အသင်းတိုးချဲ့ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် ပူးတွဲအိမ်ရှင်ကဲ့သို့သော ကိစ္စများအတွက် စဉ်းစား မည်ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။

အမေရိကန် ကနေဒါနှင့် မက္ကဆီကိုတို့မှာ နယ်မြေချင်းထိစပ်နေသော တိုင်းပြည်များဖြစ်ကြပြီး ၂၀၂၆ မှစတင်၍ ၄၈ သင်းပါဝင်ကာ ၈၀ အထိ ကစားရမည့် ကမ္ဘာ့ဖလားပွဲကြီးကို အောင်မြင်အောင် စွမ်း ဆောင်နိုင်မည်ဟုလည်း ယုံကြည်လျက် ရှိနေကြသည်။

၂၀၁၈ ကမ္ဘာ့ဖလားပွဲ အိမ်ရှင်အဖြစ် ရုရှကို သတ်မှတ်ပေးခဲ့သည့်နောက် ၂၀၂၂ အိမ်ရှင်အဖြစ် အမေရိကန်က ရရှိရန် ရေပန်းစားခဲ့သော်လည်း ကာတာက ရရှိသွားခဲ့ကာ ၂၀၂၆ တွင်မူ ကွန်ကာကက်ဖ် ဇုန်မှ ကျင်းပခွင့်ရသင့်ပြီဟုလည်း အများက လက်ခံထားကြသည်။

ကွန်ကာကက်ဖ်ဇုန်မှ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် နောက်ဆုံး ကျင်းပခွင့်ရခဲ့သည်မှာ ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here