EPL News

ဟာဇတ်အကြောင်းပြောတဲ့ ကန်တီ

Apr 07 , 2017

ချဲလ်ဆီးကွင်းလယ်ကစားသမား ကန်တီမှာ PFA  ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသော်လည်း အသင်းဖော် ဟာဇတ်သာ ထိုဆုနှင့် ထိုက်တန်သည်ဟု ပြောဆိုလိုက်သည်။

လွန်ခဲ့သော ရာသီက လက်စတာ ကစားသမားဘ၀ဖြင့် အသင်းဗိုလ်စွဲစေရန် ကြိုးပမ်းပေးခဲ့သူ ကန်တီမှာ ထိုဆုရရန် နီးစပ်ခဲ့ သူဖြစ်ပြီး ယခုနှစ်တွင်လည်း ချဲလ်ဆီး၌ အစွမ်းပြနေနိုင်သူ ဖြစ်သည်။

မန်စီးတီးကို ၂-၁ဖြင့် နိုင်သော ပွဲစဉ်တွင် ၂ဂိုးလုံး သွင်းပေးခဲ့သူ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇတ်နှင့် ပတ်သက်၍ ကန်တီက ဟာဇတ်မှာ တစ်မူထူးခြားသော ကစားသမားတစ်ဦးဖြစ်ကြောင်း၊ PFA ဆုနှင့် ပတ်သက်၍ ချဲလ်ဆီးမှ တစ်ဦးဦးကိုပေးမည်ဆိုပါက ဟာဇတ်သာ ရသင့်ကြောင်း၊ မိမိတို့အနေနှင့် ယခုနှစ် ချန်ပီယံဖြစ်ရန် ၀ိုင်းဝန်းကြိုးစားနေကြကြောင်း ရရှိခဲ့ပါက မိမိအနေနှင့် များစွာပျော်ရွှင်မိမည် ဖြစ်ကြောင်း ပြင်သစ်လက်ရွေးစင် ကန်တီက ပြောဆိုခဲ့သည်။

ချဲလ်ဆီးအသင်းအနေနှင့် လက်ကျန် ၈ပွဲတွင် ၆ပွဲနိုင်ခဲ့ပါက သေချာပေါက် ချန်ပီယံဖြစ်မည်ဖြစ်ပြီး ကန်တီအနေနှင့်လည်း မတူ ညီသော အသင်း ၂သင်းနှင့် ၂နှစ်ဆက်တိုက် ချန်ပီယံဆုရသူအဖြစ် မှတ်တမ်း ၀င်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here