EPL News

အေးဂျင့်ကြေးအများဆုံးအသင်းများ

Apr 08 , 2017

အင်္ဂလန်ရှိကလပ်အသင်းများထဲတွင် မန်စီးတီးနှင့် ချဲလ်ဆီးတို့မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် အေးဂျင့်ကြေး အများဆုံးပေး ရသော အသင်းများအဖြစ် စံချိန်တင်ခဲ့သည်။

လွန်ခဲ့သော ၂ရာသီအတွင်း ပရီးမီးယားလိဂ်ကလပ်များ၏ အေးဂျင့်ကြေး စုစုပေါင်းမှာ ပေါင် ၁၇၄ သန်းအထိရှိခဲ့ပြီး မန်စီးတီးနှင့် ချဲလ်ဆီးတို့၏ အေးဂျင့်ကြေးမှာ ပေါင် ၅၁ သန်းအထိ ရှိခဲ့သည်။

ထိုအချက်အရ အင်္ဂလန်ကလပ်များ၏ အေးဂျင့်ကြေးပေးချေရမှုမှာ ၃၈%တိုးလာခဲ့ပြီး ၂၀၁၄-၁၅ တွင် ပေါင်သန်း ၁၆၀ သာရှိရာ မှ လွန်ခဲ့သောနှစ်တွင် ပေါင်သန်း ၂၂၀သို့ တိုးလာသည့်သဘောဖြစ်သည်။

အေးဂျင့်ကြေးအများဆုံးပေးရသည့် ထိပ်ဆုံး ၅သင်းမှာ မန်စီးတီး (ပေါင် ၂၆.၃သန်း)၊ ချဲလ်ဆီး(ပေါင် ၂၅.၁သန်း)၊ မန်ယူ(ပေါင် ၁၉ သန်း)၊ လီဗာပူး(ပေါင် ၁၃.၈သန်း)နှင့် အာဆင်နယ်(ပေါင် ၁၀.၂သန်း)တို့ ဖြစ်ကြသည်။

လက်ရှိအမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိနေသော စပါးမှာ အေးဂျင့်ကြေး ပေါင် ၇.၂သန်းသာ ပေးချေခဲ့ရပြီး ချန်ပီယံရှစ်ကလပ်များထဲတွင် အေးဂျင့်ကြေးအများဆုံးအသင်းမှာ နယူးကာဆယ်(ပေါင် ၁၀.၄သန်း) ဖြစ်သည်။

ပရီးမီးယားချန်ပီယံဖြစ်ခဲ့သော လက်စတာမှာ အေးဂျင့်ကြေး ပေါင် ၅.၃သန်းဖြင့် နံပါတ် ၁၄နေရာတွင် ရှိနေပြီး အေးဂျင့်ကြေး အနည်းဆုံးမှာ နံပါတ် ၂၀ မှ ဟောလ်စီးတီး (ပေါင်၁.၉သန်း) ဖြစ်သည်။

 

U Myo Thant

<< Back EPL News


Advertisement
Here