Europe News

စာချုပ်သစ်ချုပ်သော ရော်ဂျာစ်

Apr 08 , 2017

ဆဲလ်တစ်အသင်းကို စကော့တလန်အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သော နည်းပြရော်ဂျာစ်မှာ အသင်းနှင့် ၄ နှစ်စာချုပ်သစ်ချုပ်ဆို လိုက်ပြီ ဖြစ်သည်။

လီဗာပူးနည်းပြဟောင်းဖြစ်သော  အသက် ၄၄ နှစ်အရွယ် ရော်ဂျာစ်မှာ ဆဲလ်တစ်ကို အမှတ်ပေးချန်ပီယံနှင့် လိဂ်ဖလားတို့ ရရှိစေခဲ့ပြီး အသင်းသို့ စရောက်သည့် ရာသီမှာပင် အောင်မြင်မှု ရရှိစေခဲ့သူ ဖြစ်သည်။

ဆွမ်ဆီး၊ ရီးဒင်း ၀တ်ဖို့ဒ်တို့တွင်လည်း နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ ရော်ဂျာစ်က မိမိအနေနှင့် ပျော်ရွှင်နေသကဲ့သို့ နေရာမှန်တွင်ရှိနေပြီဟု ခံစားရကြောင်း ပြောဆိုခဲ့သည်။

ရော်ဂျာစ်အနေနှင့် တစ်ရာသီအတွင်း ဖလား ၃လုံးကိုင်မြှောက်နိုင်မည့် အခွင့်အရေးရှိနေဆဲဖြစ်ပြီး စကော့လိဂ်ဖလားပြိုင်ပွဲ တွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေကာ ပြိုင်ဘက်ဖြစ်သော ရိန်းဂျားစ်နှင့် ယခုလ အနှောင်းပိုင်းတွင် ဆီမီးပွဲကစားရ မည် ဖြစ်သည်။

ဆဲလ်တစ် CEO လော်ဝဲလ်က ရော်ဂျာစ်မှာ ဥရောပအကောင်းဆုံးနည်းပြများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ပြောဆိုသွား ခဲ့သည်။

U Myo Thant

<< Back Europe News


Advertisement
Here