MNL News

ပြိုင်ပွဲဝင်အသင်းများကို ပြစ်ဒဏ်လျှော့ပေါ့ပေးမည်မဟုတ်

Apr 10 , 2017

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများတွင် လစာပေးချေခြင်းမရှိသည့် ပြဿနာများ၊ တခြားဥပဒေနှင့် မညီသည့် ကိစ္စရပ် များရှိနေသောကြောင့် ယင်းအသင်းများကို ယခင်ကဲ့သို့ လျှော့ပေါ့ပေးမည်မဟုတ်တော့ဘဲ ဥပဒေအတိုင်း အရေးယူသွား မည်ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သော လိဂ်ကော်မတီ အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ယင်းအစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ဥပဒေနှင့်အညီ မဆောင် ရွက်နိုင်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တာဝန်ရှိသူများအားလုံးက ယခင်ကဲ့သို့ အသင်းများကို ဆွဲခေါ်ခြင်း မရှိဘဲ ချမှတ်ထားသော ဥပဒေအတိုင်း အရေးယူရန် သဘောတူညီ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

လက်ရှိတွင် သန်လျင်အသင်းသည် ကစားသမားများကို လစာပေးချေမှုမရှိသောကြောင့် ကစားသမားများနှင့် နည်းပြများက လိဂ်ကော်မတီသို့ တိုင်ကြားထားပြီး ယင်းကိစ္စကို လိဂ်ကော်မတီမှစိစစ်ပြီး တင်ပြကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here