MNL News

ခြေစွမ်းတိုးတက်လာသော မြန်မာအသင်း

Apr 10 , 2017

အမျိုးသမီးအာရှဖလား ခြေစစ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ ခြေစွမ်းပိုင်း ပိုမိုတိုး တက်လာကြောင်း နည်းပြချုပ် ရော်ဂျာက ချီးကျူးပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲအုပ်စု(D)ဒုတိယပွဲစဉ်တွင် ဆီးရီးယားအသင်းကို ၁၄ ဂိုးပြတ် အနိုင်ရပြီးနောက် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းမှာ ခြေစွမ်းပိုင်းတိုးတက်ကောင်း မွန်လာကြောင်း သိရသည်။

"ကျွန်တော် ဒီပွဲမှာ ကစားသမားတွေကို ပထမအဆင့် အနိုင်ရဖို့ကိုပဲ အာရုံစိုက်ဖို့ မှာထားပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဂိုးတွေ ရနိုင်သမျှသွင်းဖို့ မှာကြားခဲ့ပါတယ်။ အသင်းကတစ်ပွဲထက်တစ်ပွဲ ပိုမိုတိုးတက်လာပါတယ်။ အီရန်နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ အသင်းရဲ့ အားထားရတဲ့ အသင်းခေါင်းဆောင် ခင်မာလာထွန်း၊ ကွင်းလယ်ကစားသမား မေသူကျော်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သွင်းတဲ့ဂိုးအားလုံးက ဒဏ်ရာရကစားသမားဖြစ်တဲ့ မေသူကျော်ကို ကိုယ်စားပြုပါတယ်" ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်  ရော်ဂျာက ပြောသည်။

ခြေစစ်ပွဲအောင်မြင်ရန်အတွက် လက်ကျန်ပွဲစဉ်နှစ်ပွဲစလုံးကို အနိုင်ရရှိရန် လိုအပ်သောကြောင့် အကောင်းဆုံးကြိုးစားသွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုတတိယပွဲစဉ် အဖြစ် ဧပြီ ၉ရက် မွန်းလွဲ ၂နာရီခွဲတွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ လက်ရှိ အုပ်စုရပ်တည်မှုတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့မှာ နှစ်ပွဲ ကစားပြီး နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ရရှိထားကာ ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် သုံးဂိုးအသာဖြင့်  အုပ်စု(D) ပထမနေရာဦးဆောင်ထားပြီး မြန်မာအသင်းက အုပ်စုဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရ သည်။

U Myo Thant




<< Back MNL News


Advertisement
Here