MNL News

ယူ-၂၀ ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ လေ့ကျင့်မည်

Apr 10 , 2017

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်အသင်း သည် ဗန်ကောက်မြို့၌ လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်အသင်းသည်ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲအတွက် မြန်မာနိုင်ငံမှ တစ်ပတ်ကြို၍ ထွက်ခွာမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင်ပါဝင်သည့် အုပ်စုလေးခုမှ အသင်းများနှင့် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများကစားရန် စီစဉ်မည်ဖြစ်သည်။

"ဒီကနေ တစ်ပတ်လောက်ကြိုသွားမယ်။ ဗန်ကောက်ရောက်ရင် ပြိုင်ပွဲအတွက် ကြိုတင်ရောက်နေတဲ့ အသင်းတွေနဲ့ ချိတ်ဆက်ပြီး ခြေစမ်းမယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်အသင်းအတွက် အပြီးသတ်ကစားသမားစာရင်းကို လက်ရှိတွင် ထုတ်ပြန်ရခြင်းမရှိသေးသော် လည်း ပဏာမကစားသမား ၂၅ဦးနှင့် ဧပြီ ၂ရက်မှစ၍ စခန်းသွင်းလေ့ကျင့် လျက်ရှိကာ မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(C)၌ ဥဇဘက်ကစ္စတန်၊ ကာတာ၊ လက်ဘနွန်၊ ဟောင်ကောင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။

U Myo Thant

<< Back MNL News


Advertisement
Here