MNL News

မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

Apr 10 , 2017

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင်  ယူ-၁၈ အသင်းသည် ယမန်နေ့ ည ၇နာရီတွင် Vietnam Airlines လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ယူ-၁၉ အသင်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ် ယူ-၁၉ အသင်း၊ တရုတ်(တိုင်ပေ) ယူ-၁၉ အသင်း တောင် ကိုရီးယားကလပ် ဂွမ်းဂျူး ယူ-၁၈ အသင်းတို့ဖြင့် အသင်းငါးသင်းပါဝင်ကာ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဧပြီ ၁၃ ရက်တွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ဒေသစံတော်ချိန် ညနေ ၆နာရီခွဲ(မြန်မာစံတော်ချိန် ညနေ ၆နာရီ)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဧပြီ ၆ရက်တွင် ဂွမ်ဂျုး ယူ-၁၈ အသင်း၊ ဧပြီ ၁၈ ရက်တွင် တရုတ်(တိုင်ပေ) ယူ-၁၉ အသင်း၊ ဧပြီ ၂၀ ရက်တွင် HAGL JMG ယူ-၁၉ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ကာလရှည်စုဖွဲ့ လေ့ကျင့်ထားသည့် အသင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကလည်း တရုတ် နိုင်ငံသို့သွားရောက်လေ့ ကျင့်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ လိုက်ပါသွားသော မြန်မာ ယူ-၁၈ အသင်း ကစားသမားများတွင် ဂိုး-ထွန်းနန္ဒာဦး၊ ထက်ဝေလျံစိုး၊ နောက်တန်း-ဒွေးကိုကိုချစ်၊ အံ့မော်ဦး၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ နိုင်ကိုကို၊ စည်သူမိုးခန့်၊ သန်းထိုက်ဇင်၊ အောင်ဝဏ္ဏစိုး၊ သက်ပိုင်ထွေး၊ အလယ်တန်း-ပြည့်စုံနိုင်၊ လွှမ်းမိုးအောင်၊ မြတ်ကောင်းခန့်၊ သက်ပိုင်ထူး၊ ရှေ့တန်း-ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ၀င်းနိုင်ထွန်း၊ သန်းကျော်ဌေးနှင့် သန့်ဇေယျာဝင်းတို့ ပါဝင်ကြောင်း သိရသည်။

U Myo Thant

<< Back MNL News


Advertisement
Here