MNL News

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း မဲခွဲပွဲကျင်းပမည်

Apr 10 , 2017

၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်-၁နှင့် မြန်မာနေရှင်နယ်လိဂ်-၂မှ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၂သင်းပါဝင်ယှဉ်ပြိုင်ကြမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲကို ၂၂သင်းပါဝင်သည့် ပထမအဆင့်၊ ၁၆ သင်း ပါဝင် သည့် ဒုတိယအဆင့်၊ ကွာတားဖိုင် နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်အဆင့်များဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ယခင်နှစ်များက ကျင်းပသည့်အတိုင်း ဆီမီးဖိုင်နယ် အဆင့်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားရန်လည်း သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။

ပြိုင်ပွဲကို မေ ၂ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ချန်ပီယံအသင်းအနေဖြင့် အာရှအဆင့် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် AFC Cup ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂၀၁၆ ခုနှစ်တွင် မကွေးအသင်းတို့ ချန်ပီယံဆု ဆွတ်ခူး ခဲ့သည်။

U Myo Thant

<< Back MNL News


Advertisement
Here