MNL News

မြန်မာ စင်ကာပူအသင်းကို အနိုင်ရ

Apr 10 , 2017

၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု(က) စတုတ္ထနေ့ကို ယမန်နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာ အသင်းက စင်ကာပူအသင်းကို ခြောက်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာခဲ့ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့် အဆုံး အဖြတ်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း သုံးပွဲဆက်အနိုင် ယူနိုင်ခဲ့ပြီး ဗီယက်နမ်နှင့် အပြိုင်ဖြစ်နေသည်။

ဒဏ်ရာရကစားသမားများရှိနေသည့် မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့် နောက်ဆုံးပွဲအတွက် အမာခံကစားသမား အချို့ကို  အနားပေးထားခဲ့ပြီး မြဖူးငုံ၊ ခင်သန်းဝေ၊ ဝေေ၀အောင်၊ စန်းစန်းမော်၊ နော်အားလိုဝါးဖော၊ ခင်မိုးဝေ၊ လှယဉ်ဝေး၊ ရူပါခိုင်၊ ခင်မိုမိုထွန်း၊ ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။

မြန်မာအသင်းသည် ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း စင်ကာပူ၏ ခံစစ်ကစားပုံကြောင့် ပထမပိုင်းတွင် နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၂၁ မိနစ်တွင် လှယဉ်ဝင်း၊ မိနစ် ၄၀ တွင် ဝေေ၀အောင်တို့က သွင်းယူ ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက ဂိုးထပ်မံရရှိရန် တိုက်စစ်အားမြှင့်လာခဲ့ပြီး အနိုင်ဂိုးများကို လူစားဝင်ကစားသမားများဖြစ်သော ၀င်းသိဂီင်္ထွန်းက ၅၈၊ ၈၈ မိနစ်တွင် နှစ်ဂိုး၊ ရီရီဦးက မိနစ် ၇၀ တွင် တစ်ဂိုးသွင်းယူခဲ့ကာ ကျန်တစ်ပိုင်းကို အသင်းခေါင်းဆောင် ဝေေ၀အောင်က ၇၉ မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့သည်။

မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အဆုံးအဖြတ်ပွဲအဖြစ် ဧပြီ ၁၁ ရက်တွင်  ဗီယက်နမ်အသင်းနှင့် ကစားရမည် ဖြစ် သည်။

 

U Myo Thant

<< Back MNL News


Advertisement
Here