MNL News

ရလဒ်ကောင်းရန်ကြိုးစားမည့် မြန်မာ

Apr 11 , 2017

၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ခြေစစ် ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဧပြီ ၁၁ရက်တွင် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် ရာ လိုအပ်ချက်များကို ပြင်ဆင်ပြီး ရလဒ်ကောင်းရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း နည်းပြချုပ် ရော်ဂျာထံမှ သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမိးအသင်းသည် ဧပြီ ၉ရက်က ယှဉ်ပြိုင်ကစားခဲ့သော စင်ကာပူအမျိုးသမီးအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်းနှင့် ပြင်ဆင်မှုပြုလုပ်ပြီး ဗီယက်နမ်နှင့်ပွဲတွင် ရလဒ်ကောင်းရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း ရော်ဂျာက ပြောသည်။

"စင်ကာပူနဲ့ပွဲအတွက် အနိုင်ရအောင် ကစားဖို့ အသင်းသားတွေကို ပထမဆုံးမှာထားပါတယ်။ ဒုတိယအနေနဲ့ ဂိုးတွေရ သလောက်သွင်းဖို့ ပြောထားတယ်။ ပွဲထွက်လူစာရင်းကိုလည်း နည်းနည်းပြောင်း ထားပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးနည်း နည်းပဲရလို့ ဒုတိယပိုင်းမစခင်မှာ ကစားသမားသုံးဦအထိ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အနိုင်ရလဒ်ကို ကျေနပ်ပေမယ့် အသင်း မှာ လိုအပ်ချက်တွေရှိနေပါ တယ်။ ဗီယက်နမ်နဲ့ ပွဲမတိုင်ခင် ပြင်ဆင်ပြီးအကောင်းဆုံးရလဒ်ရအောင် ကြိုးစားသွားမှာပါ" ဟု နည်းပြချုပ် ရော်ဂျာက ပြောသည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(D) တတိယပွဲစဉ်တွင် စင်ကာပူအသင်းကို ခြောက်ဂိုးပြတ် အနိုင်ရရှိပြီး သုံးပွဲကစား သုံးပွဲနိုင် ပေးဂိုးမရှိ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူခဲ့သော်လည်း အိမ်ရှင်ဗီယက်နမ် အသင်းမှာ တတိယပွဲစဉ်တွင် အီရန်အသင်း ကို ၆ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ သုံးပွဲကစားအပြီး သုံးပွဲနိုင် သွင်းဂိုး ၂၅ ဂိုး၊ ပေးဂိုး တစ်ဂိုးဖြင့် မြန်မာအသင်းထက် ဂိုးကွာခြား ချက် နှစ်ဂိုးအသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။

ဧပြီ ၁၁ရက်တွင် ယှဉ်ပြိုင်ကစားရမည့် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာအသင်းတို့ပွဲစဉ်မှာ ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ် ပွဲစဉ်ဖြစ်လာမည် ဖြစ်သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းမှာ အနိုင်ကစားမှ သာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး ဗီယက်နမ်အသင်းမှာ အနိုင်ကစားမှသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး ဗီယက်နမ်အသင်းမှာ ဂိုးကွာခြားချက်အသာ ရထားသောကြောင့် သရေကစားရုံဖြင့် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here