MNL News

အသင်းကစားပုံကိုကျေနပ်သည့် ဦးမင်းသူ

Apr 11 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၁၉ နှစ်အောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း သည် အဆင့်(၁)နေရာ အခွင့်အရေးအဖြစ် GFA အသင်းနှင့် ဧပြီ ၉ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး  ဂိုးမရှိသရေရလဒ်သာရ ယူနိုင်သော်လည်း အသင်းကစားပုံကို ကျေနပ်မိကြောင်း အသင်းနည်းပြချုပ် ဦးမင်းသူက ပြောသည်။

"ဒီပွဲမှာ ကျွန်တော့်အသင်းက ဂိုးသွင်းခွင့်ပိုရတယ်။ ပိုကောင်းအောင် ကစားနိုင်တယ်။ အဆုံးသတ်ပိုင်းအားနည်းလို့ ဂိုးမရခဲ့ဘူး။ ကစားသမားတွေ အကောင်းဆုံး ကစားနိုင်တယ်။ ပြိုင်ဘက်ကလည်း ခြေစွမ်း ကောင်းတဲ့ အသင်းပါ။ လိုချင်တဲ့ကစားကွက် ရအောင် ကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်" ဟု နည်းပြချုပ် ဦးမင်းသူက ပြောသည်။

ယင်းပွဲစဉ်မကစားမီ GFA  ယူ-၁၉ အသင်းမှာ ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ငါးပွဲကစား ငါးပွဲနိုင်ရလဒ်ဖြင့် ဦးဆောင်ထားပြီး  ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းမှာ ငါးပွဲကစား လေးပွဲနိုင်၊ တစ်ပွဲ သရေ  ရမှတ် ၁၃ မှတ်ဖြင့် အဆင့်(၂)နေ ရာ၌ ရပ်တည်နေရာ အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းမှာ အနိုင်ရပါက အမှတ်ပေးဇယားထိပ်သို့ တက် လှမ်းနိုင်မည်ဖြစ်သော်လည်း ဂိုးမရှိသရေ ကျသွား၍ ယင်းအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲကို သင်္ကြန်ကာလတွင် ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၂၃ ရက်တွင် ပွဲစဉ်(၇) ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ဇွဲကပင်ယူနိုက်တက် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

 

U Myo Thant

<< Back MNL News


Advertisement
Here