Asian Cup News

အာရှ ယူ-၁၆ နှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုမဲခွဲ

Apr 22 , 2017

မြန်မာ ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၈ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် ၂၀၁၈ အာရှ  ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပပြီး မြန်မာအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

အုပ်စုမဲခွဲမှုအရ ၂၀၁၈ အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၆ အသင်းသည် အုပ်စု H ၌ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင် စသည့် အာရှအင်အားကြီးအသင်းများနှင့်အတူ အုပ်စုကျပ်အတွင်း ကျရောက်လျက်ရှိသည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်တွင် စတင်မည်ဖြစ်ပြီး အုပ်စုပထမအသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကာ အုပ်စု ဒုတိယရရှိသောအသင်းမှာ အုပ်စု ၁၀ ခုအတွင်း အုပ်စုဒုတိယ အကောင်း ဆုံးငါးသင်း ၀င်ရောက်ပါက ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၀ ရက်တွင် တရုတ် ယူ-၁၆ အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

၂၀၁၈ အာရှယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ မြန်မာ ယူ-၁၉ အသင်းမှာ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းတို့နှင့် အတူကျရောက်နေသည်။ ယင်းပြိုင်ပွဲသည်လည်း  အုပ်စုပထမ တစ်သင်းနှင့် ပြိုင်ပွဲအတွင်း အုပ်စု ဒုတိယ ပထမတစ်သင်းနှင့် ပြိုင်ပွဲအတွင်း အုပ်စုဒုတိယအကောင်းဆုံးငါးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်း အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၄ရက်တွင် စတင်သွားမည်ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here