Europa League

ရာသီကုန်နားမယ့် မိုဗစ်

Apr 22 , 2017

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အန်းဒါးလက်ခ်ျအသင်းနှင့် ကစားသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့သော မန်ယူ တိုက်စစ်မှုး မိုဗစ်မှာ ရာသီကုန်အထိ နားရမည်ဟု ဆိုသည်။

ဒူးဒဏ်ရာရရှိခဲ့သော မိုဗစ်ကို မာရှယ်နှင့် လူစားလဲခဲ့ရပြီး ထိုကဲ့သို့ အားထားရသော တိုက်စစ်မှုးတစ်ဦး ဒဏ်ရာရသွားခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကြိုးပမ်းမည့် မန်ယူအတွက် နစ်နာစရာဖြစ်ခဲ့ရသည်။

မိုဗစ်မှာ ယခုရာသီကုန်တွင် မန်ယူနှင့် စာချုပ်သက်တမ်းစေ့မည်ဖြစ်ပြီး သက်တမ်းတိုးရန် ပြောဆိုထားခြင်းမရှိသေးသကဲ့သို့ အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်ကလည်း မိုဗစ်ကို ခေါ်ယူလိုလျက် ရှိသည်။

အမေရိကန်ကလပ်က မိုဗစ်ကို တစ်နှစ်လစာ ပေါင် ၅သန်းပေးမည်ဟု ကမ်းလှမ်းထားပြီး မိုဗစ်ဘက်ကမူ အပြောင်းအရွှေ့ကိစ္စကို ပြောဆိုခြင်းမရှိသေးပေ။

မိုဗစ်မှာ ယခုရာသီတွင် မန်ယူအတွက် စုစုပေါင်း ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးရရန် ၉ ကြိမ် ပေးပို့နိုင်ခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here