EPL News

PFA ဆုရ ကန်တီ

Apr 24 , 2017

ပရီးမီးယားအမှတ်ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ကန်တီမှာ ၂၀၁၆-၁၇ ဘောလုံးရာသီ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီ ဖြစ်သည်။

၂၆ နှစ်သား ကန်တီမှာ ချဲလ်ဆီးအသင်းဖော် ဟာဇတ်၊ စပါးမှ ကိန်း၊ မန်ယူမှ မိုဗစ်၊ အဲဗာတန်မှ လူကာကူ၊ အာဆင်နယ်မှ ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်ကာ ယခုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သား ကန်တီမှာ လွန်ခဲ့သော ဇူလိုင်လတွင် ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းဖြင့် ပရီးမီးယား ချန်ပီယံလက်စတာမှ ချဲလ်ဆီးသို့ ပြောင်းခဲ့သူဖြစ်ပြီး အကယ်၍ ချဲလ်ဆီးသာ ယခုရာသီ ချန်ပီယံဖြစ်ခဲ့ပါက မတူညီသော ကလပ် ၂ခုနှင့် ပရီးမီးယားချန်ပီယံဆုကို ၂နှစ်ဆက်တိုက်ရရှိသော ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

အနီးဆုံးပြိုင်ဘက်ကို ၄မှတ်ဖြတ်၍ ဦးဆောင်နေသော ချဲလ်ဆီးနှင့် ပတ်သက်၍ ကန်တီက "ကျနော်တို့ကစားဖို့ နောက်ထပ် ၆ပွဲကျန်ပါသေးတယ်။ အဲဒီ ၆ပွဲလုံးကို ဗိုလ်လုပွဲတွေလို သဘောထားပြီး ကစားသွားမှာပါ ၊ ရာသီကုန်ချိန်မှာ ကျနော်တို့ ချန်ပီယံဖြစ်မယ်လို့လည်း ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

ချဲလ်ဆီး၏ လက်ကျန်ပွဲများတွင် တွေ့ရမည့် အသင်းများမှာ ဆောက်သင်တန်(အိမ်ကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ မစ်ဒယ်ဘရော့(အိမ်ကွင်း)၊ ၀က်ဘရွန်း(အဝေးကွင်း)၊ ၀တ်ဖို့ဒ်(အိမ်ကွင်း)၊ ဆန်းဒါးလန်း(အိမ်ကွင်း) ပွဲစဉ်များ ဖြစ်ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here