La-liga News

ဂိုး ၅၀၀ ပြည့်သော မက်ဆီ

Apr 24 , 2017

ရီးရဲလ်နှင့် ကစားခဲ့သောပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သော မက်ဆီမှာ ယခုအခါ ဘာစီလိုနာအတွက် သွင်းပေးခဲ့သော ဂိုးပေါင်း ၅၀၀ ပြည့်သွားပြီ ဖြစ်သည်။

လာလီဂါပွဲစဉ် ၃၃ အဖြစ် တနင်္ဂနွေနေ့က ရီးရဲလ်နှင့် ကစားခဲ့သောပွဲတွင် မက်ဆီမှာ ပွဲချိန် ၃၂ မိနစ်နှင့် နာကျင်အချိန်ပို ၂ မိနစ်တို့တွင် ဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်နှင့် ထိပ်တိုက်တွေ့ရသော ပွဲများတွင်လည်း သွင်းဂိုး ၁၅ ဂိုးအထိ ရှိသွားခြင်းကြောင့် ရီးရဲလ်မှ ဒီစတီဖာနို တင်ထားသည့် ၁၄ဂိုး စံချိန်ကို ကျော်လွန်သွားပြီ ဖြစ်သည်။

၂၉ နှစ်သား မက်ဆီမှာ အသက် ၁၃ နှစ်အရွယ် ၂၀၀၁ တွင် ဘာစီလိုနာသို့ စတင်ရောက်ရှိခဲ့ပြီး အသင်းကြီးအတွက် စုစုပေါင်း ၅၇၇ ပွဲကစားပေးခဲ့ရာတွင် ဂိုး ၅၀၀ ပြည့်သွားခြင်း ဖြစ်သည်။

မက်ဆီ သွင်းယူခဲ့သော ဂိုးများမှာ လာလီဂါတွင် ၃၄၃ ဂိုး၊ ချန်ပီယံလိဂ်တွင် ၉၄ ဂိုး၊ စပိန်ဘုရင့်ဖလားတွင် ၄၃ ဂိုး၊ စူပါကိုပါဖလားတွင် ၁၂ ဂိုး၊ ကမ္ဘာ့ချန်ပီယံကလပ်များဖလားတွင် ၅ဂိုးနှင့် ဥရောပစူပါဖလားပွဲတွင် ၃ဂိုးတို့ ဖြစ်ကြသည်။

သို့သော် ဥရောပပြိုင်ပွဲများတွင် သွင်းယူခဲ့သော ဂိုးအရေအတွက်မှာ ပြိုင်ဘက် ရီးရဲလ်စတား စီရိုနယ်ဒိုထက် ၆ဂိုး လျော့နည်းနေဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here