EPL News

တန်းပြန်တတ်တဲ့ နယူးကာဆယ်

Apr 25 , 2017

ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်သော နယူးကာဆယ်အသင်းမှာ ၄၄ ပွဲ ကစားပြီးရာတွင် အမှတ် ၈၈ မှတ်ဖြင့် ဒုတိယနေရာသေချာသွားသောကြောင့် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

နည်းပြ ဘင်နီတက်ဇ် ကိုင်တွယ်ခဲ့သော နယူးကာဆယ်အသင်းမှာ လွန်ခဲ့သော ရာသီတွင် တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး ၁ နှစ် အတွင်း တန်းပြန်တတ်လာနိုင်ခြင်း ဖြစ်သည်။

ပွဲစဉ် ၄၄ တွင် နယူးကာဆယ်မှာ အိမ်ကွင်း၌ ပရက်စတန်ကို ၄-၁ဖြင့် နိုင်ခဲ့ကာ ဒုတိယနေရာ သေချာခဲ့ခြင်းဖြစ်ပြီး လက်ကျန် ၂ပွဲတွင် ရလဒ်မည်သို့ဖြစ်စေ  တန်းတက်နိုင်ပြီ ဖြစ်သည်။

အသင်း ၂၄ သင်းပါ ချန်ပီယံရှစ်တွင် ဘရိုက်တန်နှင့် နယူးကာဆယ်တို့က ပထမနှင့် ဒုတိယနေရာတွင် ရှိနေပြီး Play-Off ကစားကာ တန်းတက်ခွင့်ရမည့်နောက်တစ်နေရာစာအတွက် ရီးဒင်း၊ ရှဖီး၊ ဟတ်ဒါစ်ဖီး၊ ဖူဟမ်၊ လိဒ်စ်အသင်း ၅သင်းတို့တွင် မျှော်လင့်ချက်များရှိနေကြဆဲ ဖြစ်သည်။

အကယ်၍ ၉၂ မှတ်ရထားသော ဘရိုက်တန်က လက်ကျန် ၂ပွဲတွင် နိုင်ပွဲမရှိခဲ့ပဲ နယူးကာဆယ်က ၂ပွဲလုံးနိုင်ခဲ့ပါက နယူးကာဆယ် ဗိုလ်စွဲနိုင်မည် ဖြစ်သည်။

လက်ကျန်ပွဲများတွင် ဘရိုက်တန်က ဘရစ်စတို(အဆင့် ၁၇)၊ ဗီလာ (အဆင့် ၁၂)တို့နှင့် ကစားရန်ရှိနေပြီး နယူးကာဆယ်က ကာဒစ်(အဆင့် ၁၃)၊ ဘန်စလေ (အဆင့် ၁၄) တို့နှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here