EPL News

ဒိုင်အကြောင်းပြောတဲ့ တိုရေး

Apr 25 , 2017

မန်စီးတီးကွင်းလယ်ကစားသမား ယာရာတိုရေးက ပရီးမီးယားကွင်းလယ်ဒိုင်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြ ပြောဆိုသွားခဲ့သည်။

FA ဖလား ဆီမီးဖိုင်နယ်အဖြစ် အာဆင်နယ်နှင့် ကစားခဲ့သောပွဲတွင် မန်စီးတီးတိုက်စစ်မှုး အေဂူရို၏ ဂိုးသွင်းခဲ့မှုကို ကွင်းလယ်ဒိုင် ပေါ်ဆင်က ငြင်းပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ တိုရေးက "ကွင်းလယ်ဒိုင်ရဲ့ဒီ ဆုံးဖြတ်ချက်က အတော်ဆိုးပါတယ်။ သိပ်စိတ်ပျက်မိပါတယ်။ ဒါမျိုးကြုံရတာ တစ်ခါလည်း မကတော့ပါဘူး။ ဒီတော့ လာမယ့် ကြာသပတေး(ဗုဒ္ဓဟူးည မန်ယူနှင့် ပွဲ) နေ့မှာ ဒိုင်ကောင်းကောင်းနဲ့ တွေ့ရင်တွေ့၊ ဒါမှမဟုတ်ရင်တော့ ဒိုင်မပါပဲ ကစားတာကမှ ပိုကောင်းဦးမယ် ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

မန်စီးတီးမှာ အာဆင်နယ်နှင့် ပွဲတွင် အချိန်ပိုအထိ ကစားခဲ့ရပြီး ၂-၁ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

လာမည့် ဗုဒ္ဓဟူးညတွင် မန်စီးတီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူကို အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်သည်။

လက်ရှိတွင် မန်စီးတီးက ၆၄ မှတ်၊ မန်ယူက ၆၃ မှတ် ရထားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယင်းမန်ချက်စတာဒါဘီပွဲမှာ အရေးပါသော ပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here