EPL News

နှိုင်းယှဉ်ပြတဲ့ ကွန်တီ

Apr 25 , 2017

ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက မန်ချက်စတာမြို့ အခြေစိုက် အသင်း၂သင်းမှာ မိမိတို့ထက် ငွေကြေးသုံးစွဲမှုပိုများသော်လည်း အမှတ်ပေးဇယားကို ဦးဆောင်ခွင့်မရခဲ့ကြောင်း ငွေသုံးတိုင်း အောင်နိုင်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းမှာ ယခုရာသီတွင် စုစုပေါင်း အသုံးစရိတ် ပေါင်သန်း ၁၇၀ အထိ စံချိန်တင်ခဲ့ပြီး မန်ယူက အသုံးစရိတ် ပေါင်သန်း ၁၄၀ ကျော် ရှိခဲ့ကာ ချဲလ်ဆီးက ပေါင် ၁၂၃ သန်းသာ ရှိခဲ့သည်။

ကွန်တီက မန်ချက်စတာကလပ်များအနေနှင့် သမိုင်းတွင် စံချိန်တင်လောက်သည့် ငွေကြေးသုံးစွဲမှုများရှိခဲ့ပြီး ချဲလ်ဆီးအနေနှင့်မူ လိုအပ်သောနေရာများအတွက်သာ အကျိုးရှိရှိသုံးစွဲနိုင်ခဲ့သဖြင့် ယခုကဲ့သို့ တန်းတူပြိုင်ဆိုင်နိုင်ခဲ့ကာ အပေါ်စီးတွင် ရပ် တည်နိုင်နေခြင်းဖြစ်ကြောင်း အသင်းတိုင်းအနေနှင့် အနည်းနှင့်အများ ငွေကြေးသုံးစွဲကြရမည်ဖြစ်သော်လည်း ငွေသုံးတိုင်း အောင်မြင်မှုရရန် အာမ မခံနိုင် ကြောင်း ပြောဆိုသွားခဲ့သည်။

လက်ရှိအချိန် ပရီးမီးယားလိဂ်တွင် ၃၂ ပွဲစီ ကစားထားသော ချဲလ်ဆီးက ၇၅ မှတ်နှင့် အဆင့် ၁၊ မန်စီးတီးက ၆၄ မှတ်နှင့် အဆင့် ၄၊ မန်ယူက ၆၃ မှတ်နှင့် အဆင့် ၅တို့တွင် ရပ်တည်နေပြီး လက်ကျန် ၆ပွဲစီ ကစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here